ဘွန်ဒစ်လီဂါပွဲစဉ် (၂၁) ပွဲကြိုသုံးသပ်ချက်

ဘွန်ဒစ်လီဂါပွဲစဉ် (၂၁) ပွဲကြိုသုံးသပ်ချက်
Photo: Reuters
Photo: Reuters
Published 13 February 2021

ဒေါ့မွန် - ဟော်ဖန်ဟင်မ် (မြန်မာစံတော်ချိန် ဖေဖော်ဝါရီ ၁၃ ရက် ည ၉:၀၀ နာရီ)

ဒေါ့မွန်အသင်းက လက်ရှိခြေစွမ်းအရဆိုရင် ထိပ်ဆုံး (၄)သင်းစာရင်းဝင်ဖို့တောင် အတော်လေးလုပ်ယူရတော့မယ့် အနေအထားပါပဲ။ ဟော်လန်းရဲ့ခြေစွမ်းကလည်း တစ်နေ့ရွှေ၊ တစ်နေ့ငွေဖြစ်နေပြီး တခြားတိုက်စစ်ကစားသမားတွေကလည်း အားကိုးလို့မရဖြစ်နေတယ်။ ဒီပွဲအပြီးမှာ ဆီဗီလာနဲ့ချန် ပီယံလိဂ်ပွဲ ကစားဖို့ရှိနေတာကလည်း ဒေါ့မွန်အသင်းကို အာရုံများစေနိုင်တယ်။ ဟော်ဖန်ဟင်မ်ကတော့ ခြေတက်နေတဲ့ ဘိုင်ယန်၊ ဖရန့်ဖတ်တို့လိုအသင်းတွေကို ဆက်တိုက်အရှုံးပေး ထားရပေမဲ့ ဘဝတူ ဒေါ့မွန်ကိုတော့ ဒုက္ခပေးနိုင်စွမ်းရှိတယ်။ ဟော်ဖန်ဟင်မ် ဂိုးပြတ်ရှုံးဖို့တော့မရှိဘူး။

 

လေဗာကူဆင် - မိန့်ဇ် (မြန်မာစံတော်ချိန် ဖေဖော်ဝါရီ ၁၃ ရက် ည ၉:၀၀ နာရီ)

လေဗာကူဆင်က နိုင်ပွဲပြန်တွေ့ထားသလို၊ တိုက်စစ်ဂိုး မြူးတဲ့ပုံစံကို ပြန်ရခဲ့တယ်။ မိန့်ဇ် ခြေတက်လာပေမဲ့ အိမ်ရှင်ဘက်ကပဲ ရပ်တည်သင့်တယ်။

 



၀ါဒါဘရီမင် - ဖရိုင်းဘတ် (မြန်မာစံတော်ချိန် ဖေဖော်ဝါရီ ၁၃ ရက် ည ၉:၀၀ နာရီ)

ဖရိုင်းဘတ်အသင်း အဝေးကွင်းရှုံးပွဲဆက်ထားပေမဲ့ ဘိုင်ယန်၊ ဝုလ်ဖ်ဘတ်တို့လိုအသင်းတွေနဲ့ ကစားခဲ့ရတာပါ။ ဖရိုင်းဘတ် အမှတ်ရဦးမယ်ထင်တယ်။

 



စတုဂတ် - ဟာသာဘာလင် (မြန်မာစံတော်ချိန် ဖေဖော်ဝါရီ ၁၃ ရက် ည ၉:၀၀ နာရီ)

နှစ်သင်းစလုံး ရလဒ်ပိုင်းကျဆင်းနေပေမဲ့ ဟာသာဘာလင်က အခြေအနေပိုဆိုးပါတယ်။ ဒါပေမဲ့ သရေမျှော်လင့်လို့ရတဲ့ ဟာသာဘာလင်ကိုပဲ ရွေးချင်တယ်။

 



အူန်ယွန်းဘာလင် - ရှော်လ်ကေး (မြန်မာစံတော်ချိန် ဖေဖော်ဝါရီ ၁၃ ရက် ည ၁၂:၀၀ နာရီ)

အူန်ယွန်းဘာလင်အသင်း (၄)ပွဲဆက် နိုင်ပွဲပျောက်ထားပေမဲ့ အိမ်ကွင်းမာကျောမှုကို ပိုင်ဆိုင်ထားဆဲပါပဲ။ အူန်ယွန်းဘာလင်အသင်း နိုင်ပွဲပြန်ရှာလိမ့်မယ်။

Most Read

Most Recent