PSG - နိုက်စ် (မြန်မာစံတော်ချိန် ဖေဖော်ဝါရီ ၁၃ ရက် ည ၁၀:၃၀ နာရီ)
ပွဲစဉ်(၂၅)ရောက်လာချိန်မှာ PSG အသင်းက တတိယနေရာမှာပဲရှိနေသေးပြီး ထိပ်ဆုံးက လိုင်လီနဲ့ (၃)မှတ် ကွာနေပါတယ်။ ဒါကြောင့် လက်ကျန်ပွဲတွေမှာ အမှားအယွင်းမရှိ ရှေ့ဆက်နိုင်ဖို့ အရေးကြီးနေတယ်။ ဒါပေမဲ့ ဒီပွဲပြီးရင် ဘာစီလိုနာနဲ့ ချန်ပီယံလိဂ် ရှုံးထွက်ပွဲစဉ်ရှိနေတာကို ထည့်တွက်ဖို့လိုပြီး ဒီပွဲကို လိုအပ်သလောက်ပဲ အားထည့်သွားနိုင်တယ်။ နိုက်စ်ရဲ့ ဒီရာသီခြေစွမ်းက အားနည်းလွန်းပြီး အဆင့်(၁၀)အတွင်း ဝင်ဖို့ပဲ အာရုံစိုက်ရပါတော့မယ်။ အားကိုးရတဲ့ ကစားသမားတွေဖြစ်တဲ့ အတဲလ်၊ ဒန်တေ၊ အဒီလိုင်ဒီတို့ ဒဏ်ရာရနေတာက ဒီလိုပွဲမျိုးမှာ သိသာဖို့ရှိပါတယ်။ ဒန်တေ မပါဝင်နိုင်တဲ့ (၁၄)ပွဲ မှာ (၃)ပွဲပဲ နိုင်ခဲ့ပြီး အသင်းရဲ့ခံစစ်က ဦးဆောင်မှုကင်းမဲ့ကာ လျော့ရဲနေပါတယ်။ PSG အသင်း အင်အားကို ချိန်ဆကစားသွားဖို့ရှိပြီး အနိုင်ရဖို့ သေချာပါတယ်။
Reims - လန်းစ် (မြန်မာစံတော်ချိန် ဖေဖော်ဝါရီ ၁၄ ရက် နံနက် ၀၀:၃၀ နာရီ)
Reims က အိမ်ကွင်း(၆)ပွဲဆက် ရှုံးပွဲမရှိထားတဲ့ အသင်း ဖြစ်ပြီး မာကျောပါတယ်။ လန်းစ်က ဥရောပဝင်ခွင့် မျှော်လင့်ခွင့် ရှိလာတဲ့အထိ အမြင့်ပျံနေပါတယ်။ လန်းစ် မရှုံးပါဘူး။
လိုင်ယွန် - မောင့်ပယ်လီယာ (မြန်မာစံတော်ချိန် ဖေဖော်ဝါရီ ၁၄ ရက် နံနက် ၂:၃၀ နာရီ)
လိုင်ယွန်အသင်း နိုင်ပွဲဆက်နေပြီး ကစားသမားတိုင်းက ခြေမြူးနေပါတယ်။ မောင့်ပယ်လီယာ ပြန်တည့်မတ်ဖို့ ကြိုးစားနေပေမဲ့ ဒီပွဲတော့ အရှုံးပေးရမယ်။ ဂိုးများလိမ့်မယ်။















