မန်ယူအသင်း၏ ကွင်းလယ်ကစားသမား ပေါ့ဘာသည် ပေါင်ဒဏ်ရာရရှိနေသည့်အတွက် အသင်း၏ ပွဲစဉ်(၅)ပွဲခန့်ကို လွဲချော်ဖွယ် ရှိနေကြောင်း သိရသည်။
ပေါ့ဘာသည် အဲဗာတန်အသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့သည့်ပွဲတွင် အဆိုပါဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပြီး ပွဲချိန်(၃၉)မိနစ်၌ လူစားလဲခံခဲ့ရသည်။
ဆေးစစ်ဆေးမှုများအရ ရက်သတ္တပတ်အနည်းငယ် အနားယူရမည်ဖြစ်ကြောင်း မန်ယူနည်းပြ ဆိုးလ်ရှားက တနင်္လာနေ့တွင် အတည်ပြုခဲ့ခြင်းဖြစ်သည်။
ဆိုးလ်ရှားက "သူ့ဒဏ်ရာက သက်သာပျောက်ကင်းဖို့ ရက်သတ္တပတ်အနည်းငယ် အချိန်ပေးရမှာပါ။ သူက အသင်းအတွက် အလွန်အရေးပါတဲ့ ကစားသမားဖြစ်ပြီး စွန့်စားအသုံးပြုသွားမှာမဟုတ်ပါဘူး။ ဒါကြောင့် သူ ရက်သတ္တပတ်အနည်းငယ် အနားယူရမှာ သေချာပါတယ်"ဟု ပြောကြားခဲ့သည်။
ပေါ့ဘာသည် ယနေ့ ယှဉ်ပြိုင်ကစားမည့် ဝက်စ်ဟမ်းအသင်းနှင့် FA ဖလားပွဲကို စတင်လွဲချော်ရမည်ဖြစ်ပြီး ပရီးမီးယားလိဂ်၌ ဝက်စ်ဘရွန်းနှင့် နယူးကာဆယ်၊ ယူရိုပါလိဂ်တွင် ဆိုစီဒက်နှင့် နှစ်ကျော့စလုံးကို လွဲချော်ဖွယ်ရှိကြောင်း သိရသည်။















