ပြီးခဲ့တဲ့ရက်သတ္တပတ်ထဲ အသင်းရဲ့ လေ့ ကျင့်ရေးအစီအစဉ်မှာ ဟာဇက် ဒဏ်ရာရခဲ့တယ်။ သူ့ရဲ့ကာလရှည် ဒဏ်ရာဟောင်းဖြစ်တဲ့ ကြွက် သားဒဏ်ရာဖြစ်ပြီး ဒီတစ်ကြိမ်မှာလည်း ဟာဇက် (၁)လလောက်နားဖို့ ဖြစ်လာခဲ့တယ်။ သိပ်ကိုဆိုး ရွားတဲ့ သတင်းစကားပါပဲ။ ဒီဒဏ်ရာသတင်းအပြီး မှာ ရီးယဲလ်အသင်းဆေးအဖွဲ့အပေါ်လည်း ဝေဖန် မှုတွေရှိလာခဲ့တယ်။ ဘယ်လ်ဂျီယံ လက်ရွေးစင် အသင်းရဲ့ ဆရာဝန်ဖြစ်သူက မကြာခဏဒဏ်ရာရ နေတဲ့ ဟာဇက်ရဲ့အနေအထားကို စိုးရိမ်စရာဖြစ် ကြောင်း ပြောတယ်။ ဒီပြဿနာနဲ့ပတ်သက်ပြီး ရီးယဲလ်အသင်းကိုလည်း ပြစ်တင်ဝေဖန်ခဲ့တယ်။ တကယ်တော့ ဒီတစ်ကြိမ်ဒဏ်ရာဟာ ဟာဇက် အတွက် သိပ်ကိုနစ်နာရတယ်။ ဒဏ်ရာသားကောင် ဖြစ်နေလို့ မထူးခြားတော့ပါဘူးလို့ ဖြည့်တွေးမယ် ဆိုရင်တောင် ဒီတစ်ကြိမ်ဒဏ်ရာက ဟာဇက်ရဲ့ စိတ်ပိုင်းဆိုင်ရာကို တော်တော်လေး သက်ရောက် မှုရှိသွားနိုင်တယ်။ ကျရှုံးများစွာ၊ ဝေဖန်မှုများစွာ ကြားကနေ ထိုးဖောက်ထွက်လာခဲ့ပြီး ယုံကြည်မှု ပြန်လည်တည်ဆောက်နေချိန်မှာ ဒဏ်ရာရရှိခဲ့ တာဖြစ်လို့ ဟာဇက်အတွက် သိပ်ကိုနာကျင်ရ လိမ့်မယ်။ ရီးယဲလ်အသင်းအတွက်လည်း ဟာ ဇက်ဟာ တကယ်ပဲတစ်ခန်းရပ်ပြီလားဆိုတာကို တွေးစရာဖြစ်စေလိမ့်မယ်။
မျောလွင့်သွားသော မျှော်လင့်ခြင်းများ
အပြည့်အစုံဖတ်ရှုလိုပါက ဝယ်ယူရန်
Eleven Media Group မှ တင်ဆက်သည့် သတင်းများအားလုံးကို
တစ်ပတ် ၈၀၀ ကျပ်တည်းဖြင့် ရယူ၍ စိတ်ကြိုက်၀င်ရောက်ဖတ်ရှုနိုင်ပြီ။















