ပရီးမီးယားလိဂ် နှင့် စပိန်ဘုရင့်ဖလားပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

ပရီးမီးယားလိဂ် နှင့် စပိန်ဘုရင့်ဖလားပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Photo: AFP
Photo: AFP
Published 4 February 2021

စပါး နှင့် ချယ်လ်ဆီး (၅-၂-၂၀၂၁ နံနက် ၂:၃၀ နာရီ)

ချယ်လ်ဆီးက သောမတ်စ်တူဟယ်လ်လက်ထက်မှာ (၁)ပွဲနိုင်၊ (၁)ပွဲသရေ ကစားထားပြီး၊ (၂)ပွဲစလုံး ပေးဂိုးမရှိ ကစားနိုင်ခဲ့တယ်။ နှစ်ပွဲစလုံး ဘောလုံးပိုင်ဆိုင်ခွင့်အသာ၊ ဂိုးဖန်တီးခွင့်အသာကစားနိုင်ခဲ့တာလည်းတွေ့ရတယ်။ တိုက်စစ်ဦးစားပေး ကစားနေတယ်လို့ ပြောရလောက်အောင် အခွင့်အရေးဖန်တီးမှုတွေမများပေမဲ့ ဘောလုံးပိုင်ဆိုင်မှုကို အသားပေးပြီး၊ ခံစစ်ကို ပေးဂိုးတွေနည်းအောင် ထိန်းကစားနေတာကိုလည်း တွေ့ရတယ်။ စပါးကတော့ ဒီရာသီ အသင်းကြီးတွေနဲ့ ကစားခဲ့တဲ့ပွဲတွေမှာ အမြင့်ဆုံးရနိုင်တဲ့ (၁၈)မှတ်မှာ (၁၀)မှတ်အထိ ရယူနိုင်ခဲ့တယ်။ မန်စီးတီး၊ မန်ယူတို့ကို အနိုင်ရခဲ့တဲ့ပွဲက ခြေစွမ်းတွေက တော်တော်လေး အားရစရာကောင်းပေမဲ့ နောက်ဆုံးကစားခဲ့တဲ့ လီဗာပူးလ်နဲ့ပွဲမှာတော့ မော်ရင်ဟိုရဲ့အသင်းက စိတ်ပျက်စရာကောင်းခဲ့ပြန်တယ်။ ဒီပွဲမှာ တူဟယ်လ်ရဲ့အသင်းက စားပုံက စပါးလိုခံစစ်ကနေ တန်ပြန်တိုက်စစ်ကို အသွင်ကူးပြောင်းချင်တဲ့အသင်းမျိုးအတွက် အလုပ်ဖြစ်နိုင်တယ်။ ချယ်လ်ဆီးရဲ့ ခံစစ်ကဂိုးတွေမပေးရတာကိုလည်း စိတ်မချရဲသေးဘူး။ သရေကျဖို့များပြီး အနိုင်ရလဒ်ဆိုရင်စပါးကိုကြိုက်တယ်။

- စပါးနှင့် ချယ်လ်ဆီးအသင်းတို့တွေ့ဆုံခဲ့သည့် ပြိုင်ပွဲစုံနောက်ဆုံး (၇)ပွဲတွင် (၅)ပွဲမှာ (၂)သင်းပေါင်းသွင်းဂိုး (၂)ဂိုးနှင့်အောက်သာရှိခဲ့သည်။

- ချယ်လ်ဆီးအသင်းသည် ပရီးမီးယားလိဂ်အဝေးကွင်းနောက်ဆုံး (၅)ပွဲတွင် (၄)ပွဲအထိ ရှုံးနိမ့်ခဲ့ပြီး ရှုံးသည့်(၄)ပွဲတွင်လည်း တစ်ပွဲပျမ်းမျှ (၂)ဂိုး အထိပေးခဲ့ရသည်။

ဘက်တစ် နှင့် ဘီလ်ဘာအို (၅-၂-၂၀၂၁ နံနက် ၂:၃၀ နာရီ)

နှစ်သင်းစလုံးရဲ့ လက်ရှိခြေစွမ်းနဲ့ ရလဒ်ပိုင်းအရ အကြိတ်အနယ်ရှိတဲ့ပွဲတစ်ပွဲကိုခံစားရဦးမှာပါ။ ဘီလ်ဘာအိုက ပြည်တွင်းဖလားပွဲတွေဆို အာရုံစိုက်လေ့ရှိပြီး ပြီးခဲ့တဲ့ စပိန်စူပါဖလားမှာလည်း ရီးယဲလ်၊ ဘာစီလိုနာတို့ကို အနိုင်ယူကာ ချန်ပီယံဖြစ်ခဲ့ပါတယ်။ ဒီယုံကြည်မှုမျိုးကိုတော့ ဘက်တစ်တို့ တားဆီးဖို့ခက်မှာ အမှန်ပါ။ အစဉ်အလာအရလည်း ဘီလ်ဘာအိုဟာ ဘက်တစ်ကို အသာစီးရယူထားနိုင်ပြီး ဒီအချက်ကလည်း ပွဲအပေါ်သက်ရောက်နိုင်ပါတယ်။ ဘီလ်ဘာအိုနဲ့ ဂိုးအနည်းကိုရွေးချင်တယ်။