စပိန်စူပါဖလား ဗိုလ်လုပွဲတွင် မက်ဆီ ပါဝင်ကစားရန် မသေချာသေးဟု ရော်နယ်လ်ကိုးမန်း ဆို

စပိန်စူပါဖလား ဗိုလ်လုပွဲတွင် မက်ဆီ ပါဝင်ကစားရန် မသေချာသေးဟု ရော်နယ်လ်ကိုးမန်း ဆို
Photo: Getty Images
Photo: Getty Images
Published 15 January 2021

ဘာစီလိုနာအသင်းခေါင်းဆောင် မက်ဆီအနေဖြင့် စပိန်စူပါဖလားပြိုင်ပွဲ ဗိုလ်လုပွဲတွင် ပြန်လည်ပါဝင်နိုင်ခြင်းရှိ၊ မရှိ မသေချာသေးကြောင်း အသင်းနည်းပြ ရော်နယ်လ်ကိုးမန်းက ပြောကြားခဲ့သည်။

    

မက်ဆီသည် ဒဏ်ရာကြောင့် ဗုဒ္ဓဟူးနေ့က ဆိုစီဒက်အသင်းအား ပယ်နယ်တီဖြင့် အနိုင်ရသည့် ဆီမီးဖိုင်နယ်ပွဲကို လွဲချော်ခဲ့သည်။ 

မက်ဆီသည် ပြီးခဲ့သည့်စနေနေ့က ဂရန်နာဒါအသင်းနှင့် ပွဲကတည်းက နာကျင်မှုခံစားနေရသဖြင့် ဒုတိယပိုင်းတွင် လူစားလဲခဲ့ရခြင်းဖြစ်သည်။ 

၎င်းသည် တနင်္လာနေ့နှင့် အင်္ဂါနေ့တွင် လေ့ကျင့်မှုပြုလုပ်နိုင်ခဲ့သော်လည်း ဆီမီးဖိုင်နယ်ကစားမည့် ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းက နောက်ဆုံးပြုလုပ်သည့် လေ့ကျင့်ခန်းအစီအစဉ်တွင် မပါဝင်နိုင်သလို ယင်းပွဲကိုလည်း လွဲချော်ခဲ့ရသည်။ 

ဆိုစီဒက်အသင်းနှင့်ပွဲအပြီး သတင်းစာရှင်းလင်းပွဲတွင် မက်ဆီ၏အခြေ အနေနှင့်ပတ်သက်၍ ရော်နယ်လ်ကိုးမန်းက "သူကစားနိုင်မယ်လို့တော့ မျှော်လင့်ပါတယ်။ ကျွန်တော်မသိသေးပါဘူး။ စောင့်ကြည့်ရပါဦးမယ်"ဟု ပြောကြားသည်။

    

ဘာစီလိုနာအသင်းသည် ဆိုစီဒက်အသင်းနှင့် တစ်ဂိုးစီသရေကျသော်လည်း ပယ်နယ်တီအဆုံးအဖြတ်တွင် ဂိုးသမား စတီဂန်၏ လက်စွမ်းပြမှုကြောင့် (၃-၂) ဂိုးဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။ 

ဗိုလ်လုပွဲကို ဇန်နဝါရီ (၁၇) ရက်တွင် ဆီဗီးလ်မြို့၌ ကျင်းပမည်ဖြစ်ပြီး ဘာစီလိုနာအသင်းအနေဖြင့် ဘီလ်ဘာအိုအသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

Most Read

Most Recent