စိန့်အက်တီယန်အား သရေကျခဲ့ခြင်းကို ပိုချက်တီနို စိတ်ပျက်နေ

စိန့်အက်တီယန်အား သရေကျခဲ့ခြင်းကို ပိုချက်တီနို စိတ်ပျက်နေ
Published 7 January 2021

ပိုချက်တီနိုက မိမိသည် အသင်းနှင့် စနေနေ့မှ ပူးပေါင်းနိုင်ခဲ့၍ ပြင်ဆင်ချိန်နည်းခဲ့ကြောင်း၊ သရေရလဒ်အတွက် စိတ်ပျက်နေပြီး တိုးတက်ရန် အများကြီးလိုအပ်နေသေးကြောင်း Telefoot ရုပ်သံသို့ ပြောကြားခဲ့သည်။

PSG နည်းပြသစ် ပိုချက်တီနိုက ၎င်း၏အဖွင့်ပွဲတွင် စိန့်အက်တီယန်နှင့် သရေကျခဲ့ခြင်းကို စိတ်ပျက်နေပြီး မိမိတို့မှာ PSG အသင်းဖြစ် ၍ သေချာပေါက် အနိုင်ရလဒ်ကို လိုအပ်သည်ဟု ပြောကြားခဲ့သည်။ 

PSG အသင်းသည် ယခုရာသီတွင် ရလဒ်အတိမ်းအစောင်းများနေ၍ တူဟယ်လ်ကို ထုတ်ပယ်ခဲ့ပြီး ပိုချက်တီနိုအား အစားထိုးခန့်အပ်ခဲ့သည်။

ပိုချက်တီနိုက မိမိသည် အသင်းနှင့် စနေနေ့မှ ပူးပေါင်းနိုင်ခဲ့၍ ပြင်ဆင်ချိန်နည်းခဲ့ကြောင်း၊ သရေရလဒ်အတွက် စိတ်ပျက်နေပြီး တိုးတက်ရန် အများကြီးလိုအပ်နေသေးကြောင်း Telefoot ရုပ်သံသို့ ပြောကြားခဲ့သည်။

ပိုချက်တီနိုက "ကျွန်တော် စိတ်ပျက်နေတာ သေချာပါတယ်။ ကျွန်တော်တို့က PSG ဖြစ်တာကြောင့် သေချာပေါက်နိုင်ဖို့ လိုအပ်ပါတယ်။ ဒါပေမဲ့ ပြင်ဆင်ချိန်ဖို့ (၃)ရက်ပဲ အချိန်ရပြီး ပြင်ဆင်ချိန် နည်းခဲ့တယ်။ တိုးတက်အောင် လုပ်စရာတွေ အများကြီး ကျန်သေးပါတယ်။ ဒီရလဒ်ကို ကျွန်တော်တို့ မလိုချင်ပေမဲ့ စိန့်အက်တီယန်အသင်းက ထိုက်ထိုက်တန်တန် ရယူသွားတာပါ။ ကျွန်တော်တို့ အများကြီး တိုးတက်ဖို့ လိုပါသေးတယ်။ ဒါပေမဲ့ ကစားသမားတွေက ကျွန်တော့်နည်းလမ်းတွေကို လိုလိုလားလား အသုံးချလိုစိတ်ရှိတာကြောင့် ကျွန်တော် ပျော်ပါတယ်"ဟု ပွဲအပြီးတွင် ပြောကြားခဲ့သည်။

PSG အသင်းသည် (၁၈)ပွဲကစားပြီးချိန်တွင် (၃၆)မှတ် ရရှိထားပြီး လိုင်ယွန်အသင်း၏နောက် (၃)မှတ်အကွာ၊ ဒုတိယနေရာ၌ ရပ်တည်နေသည်။

Most Read

Most Recent