မအူပင်မြို့တွင် Quarantine ဝင်ရောက်နေရသည့် အသက်မပြည့်သေးသော မိန်းကလေးတစ်ဦး အဓမ္မပြုကျင့်ခံရ

မအူပင်မြို့တွင် Quarantine ဝင်ရောက်နေရသည့် အသက်မပြည့်သေးသော မိန်းကလေးတစ်ဦး အဓမ္မပြုကျင့်ခံရ
Published 31 December 2020
နီလာစိုး (ပုသိမ်)

မအူပင်မြို့နယ် ငါးကြီးဂရက်ကျေးရွာ အုပ်စုတွင် Quarantine ဝင်ရောက်နေရသည့် အသက်မပြည့်သေးသော မိန်းကလေးအား အတူတူ Quarantine ဝင်နေသူက အဓမ္မ ပြုကျင့်ခဲ့ကြောင်း ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

အခင်းဖြစ်စဉ်မှာ မ---- (၁၅) နှစ်မှာ ရန်ကုန်တိုင်းဒေသကြီးမှ ပြန်လည်လာရောက်သူ ဖြစ်သောကြောင့် ကျေးရွာရှိ Quarantine Center တွင် ဝင်ရောက်နေစဉ် အတူတူ Quarantine ဝင်ရောက်နေသည့် ရန်နိုင်စိုး (၂၉) နှစ်က အတင်းအဓမ္မ ပြုကျင့်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ကျေးရွာ Quarantine Center ဖြစ်သောကြောင့် အပေါ်ထပ်တွင် အမျိုးသားများထားရှိကာ အောက်ထပ်တွင် အမျိုးသမီးများ ထားရှိကြောင်းနှင့် ဒီဇင်ဘာလ ၂၇ ရက် နံနက် ၂ နာရီခန့်တွင် အခန်းတံခါး ခေါက်သံကြား၍ တံခါးဖွင့်ကြည်ရာတွင် အပေါ်ထပ်တွင် Quarantine ဝင်နေသူ ရန်နိုင်စိုးက ပါးစပ်ပိတ်၍ ခြင်ထောင်ထဲသို့ ဆွဲကာ အဓမ္မပြုကျင့်ခဲ့ကြောင်း ကနဦး စစ်ဆေးချက်များအရ သိရသည်။

အဆိုပါ Quarantine Center တွင် အခင်းဖြစ်ပွားစဉ်က မိန်းကလေးသုံးဦး Quarantine ဝင်ရောက်နေကြောင်း သိရသည်။

နစ်နာသူ မိန်းကလေး၏ ဦးလေးတော်စပ်သူက အမှုဖွင့်တိုင်ကြား ခဲ့သောကြောင့် ကျူးလွန်သူ ရန်နိုင်စိုးအား မအူပင်မြို့မ ရဲစခန်းတွင် အမှုအမှတ် ၉၅၅/၂၀၂၀ ရာဇသတ်ကြီး ၃၇၆ ဖြင့် အမှုဖွင့် အရေးယူထားကာ သီးခြားအချုပ်ဖြင့် ချုပ်နှောင်ထားရှိကာ COVID-19 ရောဂါရှိမရှိ စစ်ဆေးကာ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဧရာဝတီတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရှိရသည်။

 

Most Read

Most Recent