ဘာစီလိုနာတိုက်စစ်မှူး မက်ဆီ၏ သွင်းဂိုးစံချိန်အတွက် ဘူဖွန် ချီးကျူး

ဘာစီလိုနာတိုက်စစ်မှူး မက်ဆီ၏ သွင်းဂိုးစံချိန်အတွက် ဘူဖွန် ချီးကျူး
Photos : Buffon Twitter, AP
Photos : Buffon Twitter, AP
Published 28 December 2020

ဂျူဗင်တပ်စ်အသင်းဂိုးသမား ဘူဖွန်က ပီလီ၏ကလပ်အသင်းတစ်သင်းတည်းအတွက် သွင်းဂိုးအများဆုံးစံချိန် (၆၄၃)ဂိုးကို (၆၄၄)ဂိုးဖြင့် ကျော်ဖြတ်နိုင်ခဲ့သည့် ဘာစီလိုုနာတိုက်စစ်မှူး မက်ဆီအား ချီးကျူးခဲ့သည်။

ဘူဖွန်သည် မက်ဆီနှင့် ရင်ဆိုင်တွေ့ချိန် တွင် သွင်းဂိုး (၂)ဂိုးခွင့်ပြုခဲ့ရပြီး ယင်းသွင်းဂိုးများသည် မက်ဆီ၏ သွင်းဂိုးနံပါတ် (၅၁၄)နှင့် (၅၁၅)တို့အဖြစ် မှတ်တမ်းဝင်ခဲ့သည်။

မက်ဆီသည် ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလအတွင်း ကစားခဲ့သည့် ဂျူဗင်တပ်စ်နှင့် ချန်ပီယံလိဂ်အုပ်စုအဆင့်တွင် ဘူဖွန်ကို  ဂိုးသွင်းယူခဲ့ခြင်းဖြစ်သည်။

ဘူဖွန်က ''ပြီးခဲ့တဲ့နှစ်တွေမှာ ကျွန်တော်တို့ဟာ ပြိုင်ဘက်ကောင်းတွေဖြစ်ခဲ့ပါတယ်။ မက်ဆီရဲ့သွင်းဂိုးစံချိန်အတွက် ဂုဏ်ယူမိပါတယ်။ မယုံကြည်နိုင်စရာပါပဲ''ဟု ပြောကြားခဲ့သည်။

Budweiser ဘီယာကုမ္ပဏီသည် မက်ဆီ ဂိုးသွင်းယူခဲ့သည့် ဂိုးသမားများကို ပေးဂိုးအရေအတွက်အလိုက် ဘီယာလက်ဆောင်ပေးခဲ့သည်။

 

Most Read

Most Recent