မဲစာရင်း မှန်ကန်ရေး အခက်အခဲဖြစ်စေသည့်အချက် သုံးချက်ရှိပြီး ယင်းအခြေအနေများကြောင့် လာမည့် ရွေးကောက်ပွဲတွင် အငြင်းပွားမှုများ ပုံစံအမျိုးမျိုးဖြင့် ဆက်ရှိနိုင်ဟု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်က နိုင်ငံပိုင်သတင်းစာ၌် ဆောင်းပါးရေးသား

မဲစာရင်း မှန်ကန်ရေး အခက်အခဲဖြစ်စေသည့်အချက် သုံးချက်ရှိပြီး ယင်းအခြေအနေများကြောင့် လာမည့် ရွေးကောက်ပွဲတွင် အငြင်းပွားမှုများ ပုံစံအမျိုးမျိုးဖြင့် ဆက်ရှိနိုင်ဟု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်က နိုင်ငံပိုင်သတင်းစာ၌် ဆောင်းပါးရေးသား
နိုဝင်ဘာ ၈ ရက်က မိတ္ထီလာမြို့နယ် ရတနာမာန်အောင်ရပ်ကွက် မဲရုံအမှတ် ၄ တွင် မဲပေးရန် စောင့်ဆိုင်းနေသူများအား တွေ့ရစဉ် (ဓာတ်ပုံ-ဝဏ္ဏစိုး)
နိုဝင်ဘာ ၈ ရက်က မိတ္ထီလာမြို့နယ် ရတနာမာန်အောင်ရပ်ကွက် မဲရုံအမှတ် ၄ တွင် မဲပေးရန် စောင့်ဆိုင်းနေသူများအား တွေ့ရစဉ် (ဓာတ်ပုံ-ဝဏ္ဏစိုး)
Published 26 December 2020
ဉာဏ်လင်းထွန်း

အိမ်ထောင်စုစာရင်း ပုံစံ ၆၆/၆ မရှိခြင်း အပါအဝင် အချက် သုံးချက်က ပြည့်စုံမှန်ကန်သော မဲစာရင်းဖြစ်ရေး အခက်အခဲဖြစ်စေကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က နိုင်ငံပိုင်သတင်းစာတွင် ဆောင်းပါးရေးသား ဖော်ပြသည်။

ကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က မောင်စာဂ ကလောင်အမည်ဖြင့် ရေးသားထားသည့် ရွေးကောက်ပွဲမှသည် ဒီမိုကရေစီရှေ့ခရီးသို့ ဆိုသည့် ဆောင်းပါးအား ဒီဇင်ဘာ ၂၅ ရက်ထုတ် နိုင်ငံပိုင်သတင်းစာ၌ ဖော်ပြခဲ့သည်။

ပြည့်စုံမှန်ကန်သော မဲစာရင်းဖြစ်ရေး အခက်အခဲဖြစ်စေသည့် အချက်များမှာ အိမ်ထောင်စုအချို့ အိမ်ထောင်စုစာရင်းပုံစံ ၆၆ /၆ မရှိခြင်း၊ အတည်တကျနေထိုင်ခြင်း မရှိ သည့် ရွှေ့ပြောင်းလုပ်သားများနှင့် မွေးဖွား သေဆုံးသူများကြောင့် လူဦးရေပြောင်းလဲမှု ရှိခြင်း၊ အသက် ၁၈ နှစ် ပြည့်ပြီးသူအချို့ နိုင်ငံသားစိစစ်ရေးကတ် မရှိခြင်းတို့ ဖြစ်သည်ဟု ဦးမြင့်နိုင်က ဆောင်းပါးတွင် ရေးသားထားသည်။

ထိုကဲ့သို့သော အခြေအနေများကြောင့် ကျင်းပပြီးစီးခဲ့သော အထွေထွေ ရွေးကောက်ပွဲများတွင် တာဝန်ရှိသူများက မဲစာရင်း ပြည့်စုံမှန်ကန်စေရေးအတွက် မည်သို့ပင် ကြိုးပမ်း အားထုတ်စေကာမူ မဲစာရင်းအငြင်းပွားမှုများ ပုံစံအမျိုးမျိုးနှင့်ရှိနေပြီး ယင်းအပေါ် ဝေဖန်သုံးသပ်ခြင်း ခံရသည်ဟု  ဆောင်းပါးတွင် ဖော်ပြပါရှိသည်။

“၂၀၂၅ ခုနှစ်  အထွေထွေရွေးကောက် ပွဲတွင်လည်း  ဤအခြေအနေများအတိုင်း   ဖြစ်တည်နေမည်ဆိုလျှင် မဲစာရင်းအပေါ် အ ငြင်းပွားမှုများ ဆက်လက်ရှိနေပါဦးမည်”ဟု ဦးမြင့်နိုင်က ပြောကြားသည်။

အိမ်ထောင်စုတိုင်း အိမ်ထောင်စုစာရင်း ပုံစံ ၆၆/၆ ရှိခြင်း၊ အသက် ၁၈ နှစ်ပြည့်ပြီးသူ တိုင်း နိုင်ငံသားစိစစ်ရေးကတ်ရှိခြင်းအပါအ ဝင် အချက်ခြောက်ချက် ဆောင်ရွက်သင့် ကြောင်း ၎င်းင်းက အကြံပြုသည်။

ထို့ပြင် ဆန္ဒမဲပေးခွင့်ရှိသူတိုင်း ဆန္ဒမဲ ပေးပိုင်ခွင့်ကတ်ပြား (သို့မဟုတ်) မဲဆန္ဒရှင် သက်သေခံကတ်ပြား ထုတ်ပေးနိုင်ရေး၊ မဲစာ ရင်းမှတ်ပုံတင်စာအုပ်ထားရှိရေး၊ ရပ်ကွက် နှင့် ကျေးရွာအုပ်စုတိုင်းတွင်မဲစာရင်း ကောက်ခံသူခန့်ထားရေးနှင့် မဲစာရင်းပြည့် စုံမှန်ကန်ရေးအတွက် တစ်နှစ်လျှင် တစ်ကြိမ် စစ်ဆေးအတည်ပြုကြေညာသင့်ကြောင်း ဦး မြင့်နိုင်ကဆောင်းပါးတွင် အကြံပြုထားသည်။

မဲစာရင်းကိုတစ်နှစ်တစ်ကြိမ် စစ်ဆေး ကြေညာခြင်းကို ပါလီမန်ဒီမိုကရေစီတွင် ကျင့်သုံးခဲ့ပြီး  မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် မဲစာရင်းမှတ်ပုံတင်စာ အုပ်ထားရှိခြင်းကို နိုင်ငံအများစုတွင် ဆောင် ရွက်လျက်ရှိသည်ဟု ဦးမြင့်နိုင်က ဆိုသည်။

အဆိုပါမဲစာရင်းမှတ်ပုံတင်စာအုပ် တွင် အသက်  ၁၈  နှစ်ပြည့်ပြီးသူတိုင်း  လာရောက် ထည့်သွင်းပြီး မှတ်ပုံတင်စေခြင်း၊ တစ်နေရာ မှတစ်နေရာသို့ အမြဲပြောင်းရွှေ့ မည်ဆိုပါက ရောက်ရှိရာ မြို့နယ်ကော်မရှင်အဖွဲ့ခွဲတွင် မှတ်ပုံတင်စေခြင်းဖြစ်သည်ဟု ဆောင်းပါး တွင် ဖော်ပြသည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် မြေပြင်တွင်ရှိသည့်လူဦးရေစာရင်းကို အဓိက ထား၍ မဲစာရင်းပြုစုသည်ဟုသိရှိရ၍ ကော်မ ရှင်အဖွဲ့ဝင် ရေးသားဖော်ပြချက်ထဲမှ အချက် အနည်းငယ်သာ မဲစာရင်းမှန်ကန်ရေးအတွက် အခက်အခဲဖြစ်စေမည်ဟုယူဆကြောင်း ရွေး ကောက်ပွဲ အသိပညာပေးအဖွဲ့အစည်းဖြစ် သည့် နယူးမြန်မာဖောင်ဒေးရှင်းအမှုဆောင် ဒါရိုက် ဒေါ်မြနန္ဒာသင်းက မှတ်ချက်ပြုသည်။

“အိမ်ထောင်စုစာရင်းကိုအခြေခံတဲ့ မြို့ နယ်တွေရှိခဲ့တယ်ဆိုတာတော့ ဟုတ်တယ်။ ဒါပေမဲ့လည်း ဒီဟာတစ်ခုတည်းနဲ့တော့ မ ဟုတ်ဘူးပေါ့နော်။ မဲစာရင်းရဲ့ သဘောကျ တော့လည်း ဥပမာမှတ်ပုံတင်မရှိသေးဘူးဆို ရင်လည်း အထောက်အထားတစ်ခုခုပေါ့ နော်၊ ကျောင်းသားကဒ်လည်း    ဖြစ်နိုင်တယ်။ အိမ်ထောင်စုဇယားလည်း ဖြစ်နိုင်တယ်။ ဒီ ဟာအပေါ် မူတည်ပြီးတော့ မဲပေးကြတဲ့သူ တွေလည်းရှိခဲ့တယ်ဆိုတော့လေ။ အခက်အခဲ တစ်ချို့ဆိုရင်တော့ ဟုတ်နိုင်တယ်။ ဒါပေမဲ့ ဒီအပေါ်မှာတော့ အများကြီးမမှီခိုဘူးလို့ထင် တယ်”ဟု ဒေါ်မြနန္ဒာသင်းက ပြောကြားသည်။

၂၀၁၀ နှင့်၂၀၁၅ အထွေထွေရွေး ကောက်ပွဲအတွက် မဲစာရင်းကောက် ယူရာ တွင်  အိမ်ထောင်စုစာရင်းကို အခြေခံ ကောက်ယူခဲ့သော်လည်း ၂၀၂ဝအထွေထွေ ရွေးကောက်ပွဲအတွက် မဲစာရင်းအား မြေပြင် တွင်ရှိသည့်စာရင်းကို အခြေခံကောက်ခံခြင်း ဖြစ်သည်ဟု မဲစာရင်းကောက်ယူရာတွင်ပါ ဝင်သည့် ဌာနဆိုင်ရာများနှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်တို့ သြဂုတ် ၅ ရက် ပြုလုပ် သည့်စကားဝိုင်းတွင် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးမြင့်နိုင်က ပြောကြားထားသည်။

မောင်စာဂ၏ဆောင်းပါးတွင် “မဲစာ ရင်းသည် လူဦးရေစာရင်းအပေါ် အခြေခံရ သည်ဖြစ်၍ လူဦးရေစာရင်းမှန်ကန်မှသာ မဲ စာရင်းမှန်ကန်ပါမည်”ဟု  ဖော်ပြပါရှိသည်။

မဲစာရင်းပြုစုရာတွင် မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦး စီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့ပြုစုထားသော လူဦးရေကိုအခြေခံ၍ ပြု စုကြရပြီး လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေးဦးစီးဌာနက အိမ်ထောင်စုစာ ရင်း ပုံစံ ၆၆/၆ကို အခြေခံကြောင်း၊ အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာနက လက်ရှိနေထိုင် လျက်ရှိသော လူဦးရေစာရင်းကို အခြေခံ ကြောင်း ဆောင်းပါးတွင် ဖော်ပြထားသည်။

လက်ရှိတွင် ၂၀၂၀ ရွေးကောက်ပွဲ၌ မဲစာရင်း အမှားအယွင်းများစွာရှိပြီး မဲ မသမာမှုများလည်း ရှိသည်ဆိုကာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို အရေးယူရန် ပြည်ခိုင်ဖြိုးပါတီက တောင်းဆိုမှုရှိခဲ့ပြီး အနိုင်ရ NLD ပါတီမှ ကိုယ်စားလှယ်အချို့ကိုလည်း ကန့်ကွက်ရန်  ပြင်ဆင်လျက် ရှိနေသည်။

Most Read

Most Recent