လိုင်ယွန်တိုက်စစ်မှူး မူဆာဒမ်ဘီလီသည် လေ့ကျင့်ရေးကွင်းတွင် လက်ကျိုးခဲ့ခြင်းကြောင့် (၁၀)ရက်ခန့် အနားယူရမည်ဖြစ်ကြောင်း AFP သတင်းဌာနက ဖော်ပြခဲ့သည်။
အသက် (၂၄)နှစ်အရွယ်ရှိ ပြင်သစ်တိုက်စစ်မှူး မူဆာဒမ်ဘီလီသည် ယခုရာသီတွင် ပုံမှန်ပွဲထွက်ခွင့်ရရန် ရုန်းကန်နေရသူဖြစ်ပြီး လေ့ကျင့်ရေးအစီအစဉ်တွင် လက်ကျိုးခဲ့ခြင်းဖြစ်ကြောင်း အသင်းနည်းပြ ရူဒီဂါစီယာက ပြီးခဲ့သည့်အင်္ဂါနေ့တွင် အတည်ပြုခဲ့ခြင်းဖြစ်သည်။
ရူဒီဂါစီယာက မူဆာဒမ်ဘီလီ အနားယူရမည့်ကာလကို ပြောဆိုခဲ့ခြင်း မရှိသော်လည်း ဒဏ်ရာမှာ မပြင်းထန်သဖြင့် (၁၀)ရက်ခန့်သာ အနားယူရမည်ဖြစ်ကြောင်း သိရသည်။
မူဆာဒမ်ဘီလီသည် ပြီးခဲ့သည့်ရာသီက ပြင်သစ်လီဂူးတွင် (၂၇)ပွဲကစားကာ (၁၆)ဂိုး သွင်းယူနိုင်ခဲ့သော်လည်း ယခုရာသီတွင်မူ (၂)ပွဲသာ ပွဲထွက်ခွင့်ရပြီး (၁)ဂိုးသာ သွင်းယူထားနိုင်ကြောင်း သိရသည်။















