ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ပြည်တွင်းခရီးစဉ်တွေ စတင်ပျံသန်းခွင့်ပြုနေပြီဖြစ်သလို နိုင်ငံတကာခရီးသည်တင်လေယာဉ်တွေ ဆင်းသက်ပျံသန်းခွင့်ကို ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ စတင်ခွင့်ပြုနိုင်ရန် အသေးစိတ်ညှိနှိုင်းမှုတွေ လုပ်နေတယ်လို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ သိရပါတယ်။ အမှန်တကယ်သာ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁ ရက်မှာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ပြည်ပလေကြောင်း ခရီးစဉ်ပျံသန်းမှုတွေသာ စတင်နိုင်မယ်ဆိုရင် ကိုးလခန့် နိုင်ငံတကာခရီးသည်တင်လေယာဉ် ပျံသန်းဆင်းသက်မှုတွေ မရှိခဲ့တဲ့ မြန်မာနိုင်ငံရဲ့ အဓိကခရီးသည်ဝင် ထွက်ပေါက်ဖြစ်တဲ့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကြီးဟာ နိုင်ငံတကာက ခရီးသည်တင်လေယာဉ်တွေ ပြန်လည်ဆင်းသက်မှုတွေနဲ့ စည်ကားလာတော့မှာလည်း ဖြစ်ပါတယ်။










