ကိုဗစ်လူနာများအတွက် Home Isolation အစီအစဉ်နှင့် မတူညီသောအမြင်များ

ကိုဗစ်လူနာများအတွက် Home Isolation အစီအစဉ်နှင့် မတူညီသောအမြင်များ
ရန်ကုန်မြို့ ဧရာဝတီ COVID-19 စင်တာရှိ ရောဂါပြင်းထန်သူများ ကုသရာ ICU/HDU တွင် ကျန်းမာရေး ဝန်ထမ်းများက ဝေဒနာရှင်များကို ကုသပေးနေစဉ် (ဓာတ်ပုံ-ရဲမင်း)
ရန်ကုန်မြို့ ဧရာဝတီ COVID-19 စင်တာရှိ ရောဂါပြင်းထန်သူများ ကုသရာ ICU/HDU တွင် ကျန်းမာရေး ဝန်ထမ်းများက ဝေဒနာရှင်များကို ကုသပေးနေစဉ် (ဓာတ်ပုံ-ရဲမင်း)
Published 21 December 2020
အိသဥ္ဇာကျော်

ဆေးရုံဆေးခန်းတွေမှာ ကျန်းမာရေးဝန်ထမ်းတွေ သက်သာအောင် လူနာတွေကို အိမ်မှာထားပြီး ကုတယ် ဆိုတာကတော့ ဒါ ရုတ်တရက် ကြည့်ရင် တော်တော်လေး ကောင်းတာပေါ့နော်။ ဒါပေမဲ့ တစ်ဖက်က ကြည့်ရင်လည်း အိမ်တွင်း ကူးစက်မှုတွေ အများကြီး ဖြစ်လာနိုင်တယ်။ အဲဒီအခါကျရင် ဒီဆေးရုံတွေပဲ ပြန်ရောက်လာမှာပဲ။ အဲဒီတော့ တစ်ယောက်ကို လွှတ်လိုက်ရင် ငါးယောက်ပြန်လာနိုင်တယ်။ အခုက တစ်ယောက်ပဲ ICU ထဲကို ရောက်သွားမယ့် အခြေအနေမျိုးမှာ နှစ်ယောက်၊ သုံးယောက်လောက် ICU ထဲ ရောက်လာနိုင်တဲ့ အနေအထားတွေလည်း ရှိတယ်။ ဒီလိုဟာမျိုးတွေက စနစ်တကျ အကာအကွယ်နဲ့ စနစ်တကျ စည်းကမ်းတွေ သေချာချမှတ်ပြီးတဲ့ အခါမှာ ပြန်သွားတဲ့သူကနေ မိသားစုကို ထပ်ဆင့်မကူးစက်အောင် ဒါမျိုးတွေ အစီအမံတွေ စနစ်တကျဆွဲဖို့၊ နောက် ရောဂါလက္ခဏာအရ ချက်ချင်း အောက်ဆီဂျင် Level တိုင်းတယ်။ ကျတာနဲ့ ချက်ချင်းခေါ်ပြီး ဆေးရုံတင်ဖို့တွေ။ ဒီရောဂါက တော်တော်လေး ခက်တယ်ဗျ။ တခြားရောဂါတွေနဲ့ မတူဘူး။ အိမ်မှာနေပြီး အောက်ဆီဂျင်အိုးတွေ စက်တွေ တပ်ထားပေမဲ့လည်း ရချင်မှ ရတာမျိုး။ အဲဒီအခါ ဆေးရုံကို ရောက်ရတာပဲ။

Most Read

Most Recent