အနောက်အရပ်က ငြိမ်းချမ်းရေး အသံများ

အနောက်အရပ်က ငြိမ်းချမ်းရေး အသံများ
မြေပုံမြို့နယ် စစ်ဘေးရှောင် စခန်းတွင် ဆန် ခွဲဝေပေးနေသည်ကို ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလဆန်းပိုင်းက တွေ့ရစဉ် (Photo: REC)
မြေပုံမြို့နယ် စစ်ဘေးရှောင် စခန်းတွင် ဆန် ခွဲဝေပေးနေသည်ကို ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလဆန်းပိုင်းက တွေ့ရစဉ် (Photo: REC)
Published 13 December 2020
မင်းနိုင်စိုး

“အခုတော့ ရခိုင်မှာ၊ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ပစ်ခတ်တိုက်ခိုက်မှုတွေ ရပ်စဲနေတာ တစ်လကျော်ကြာပြီ။ အဲဒီ တော့ စစ်ဘေးရှောင်တွေ နှစ်သောင်းနဲ့ သုံးသောင်းကြား သူတို့ ဒေသတွေကို ပြန် ပြီး စပါးရိတ်တာတွေ ဘာတွေ လုပ်လာနိုင် တယ်။ အဲဒီတော့ အပစ်အခတ်က ဒီ အနေအထားကနေ ထပ်တိုးသွားနိုင်ရင် ကောင်းတာပေါ့”ဟု ငြိမ်းချမ်းရေးကော် မရှင် အကြံပေးအဖွဲ့ဝင် ဦးလှမောင်ရွှေက ပြောကြားသည်။

အပစ်အခတ်ရပ်စဲမှုမှ နောက်တစ် ဆင့်အနေဖြင့် စည်းကမ်းသတ်မှတ်ထားသည့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ဖြစ်စဉ်များဖြစ်ရန် လိုအပ်ကြောင်း ဦးလှမောင် ရွှေက ပြောကြားသည်။

“တစ်ခါတစ်ခါမှာ ကျွန်တော်တို့ ရှေ့ မှာ လက်မှတ်ရေးထိုးထားတဲ့အဖွဲ့တွေ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး လက်မှတ်ရေး ထိုးထားတာတောင်မှ ခဏခဏ ပစ်ခတ် တိုက်ခိုက်မှုတွေဖြစ်တယ်။ အဲဒီတော့ တိကျတဲ့ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးတွေ ရှိရင် ပိုကောင်းမယ်။ အဲဒါမျိုးဖြစ်ဖို့ဆိုရင် ယုံကြည်မှု တည်ဆောက်ဖို့ လိုတယ်”