“ မြို့နယ်ဖြတ်ကျော်ခွင့်ရချင်ရင် မြို့နယ်ရုံးမှာ လျှောက်ရတယ်။ မြို့နယ်ရုံးမှာလျှောက်ဖို့ ရပ်ကွက်ရုံး ထောက်ခံစာရယ်၊ အိမ်ထောင်စုနဲ့ မှတ်ပုံတင်မိတ္တူရယ် လိုတယ်။ လုပ်ငန်းအတွက်ဆို လုပ်ငန်းလိုင်စင်မိတ္တူလိုတယ်။ မိတ္တူတွေကလည်း အများသားရယ်။ လိုအပ်ချက်အရ သွားလာခွင့်ရဖို့က ဟိုရုံးပြေးလိုက် ဒီရုံးပြေးလိုက်ရနဲ့ ထောက်ခံစာရဖို့။ ဒီကာလဆိုင်တွေကလည်း ပိတ်ခိုင်းထားသေးတယ်။ မိတ္တူဆိုင်တွေလည်း သွားခိုင်းသေးတယ်။ လူပေါင်းထောင်ချီလောက် ကတ်လာလုပ်တော့ အုံခဲနေတာပဲ။ တချို့ကတော့ စားဝတ်နေရေးအရ လာလုပ်သလို၊ တချို့ကလည်း လမ်းသလားဖို့အရေး ကတ်လုပ်တာတွေလည်း ပါတယ်။ အဆိုးဆုံးက ၁၄ ရက်တာ ပါ၀ါရလိုက်တဲ့ အောက်ခြေအဆင့်က ဆယ်အိမ်မှူး၊ ရာအိမ်မှူးတွေရယ်၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေပါပဲ။ အစိုးရအပါအဝင် အုပ်ချုပ်ရေးအဖွဲ့အစည်းတွေအနေနဲ့ ပြည်သူကို ဝန်ဆောင်မှုပေးဖို့ဆိုတာ တော်တော်လုပ်ယူရဦးမယ်။ တစ်ဦးတစ်ယောက်တည်း ကောင်းလို့မရဘူး။ ယန္တရားတစ်ခုလုံးကောင်းမှ ပြည်သူဝန်ပေါ့မယ်။ တည့်ပြောရရင် မန္တလေးတိုင်းအစိုးရ အခု ကိုဗစ်ကာလ Semi Lockdown လုပ်ပြီး မန္တလေးကို စီမံခန့်ခွဲတာ စာမေးပွဲ မအောင်ဘူး . . . ”










