လိုက်ပ်ဇစ်နှင့် ယှဉ်ပြိုင်မည့် မန်ယူအသင်းလူစာရင်းတွင် ကာဗာနီနှင့် မာစီယဲလ်တို့ မပါဝင်

လိုက်ပ်ဇစ်နှင့် ယှဉ်ပြိုင်မည့် မန်ယူအသင်းလူစာရင်းတွင် ကာဗာနီနှင့် မာစီယဲလ်တို့ မပါဝင်
Photos: MFF
Photos: MFF
Published 8 December 2020

ယခုအင်္ဂါနေ့တွင် လိုက်ပ်ဇစ်အသင်းနှင့် ချန်ပီယံလိဂ်အုပ်စုနောက်ဆုံးပွဲ ယှဉ်ပြိုင်ကစားမည့် မန်ယူအသင်း၏လူစာရင်း၌ တိုက်စစ်မှူး ကာဗာနီနှင့် မာစီယဲလ်တို့ ပါဝင်သွားခြင်း မရှိကြောင်း သိရသည်။

မန်ယူအသင်းသည် လိုက်ပ်ဇစ်အသင်းနှင့် ယှဉ်ပြိုင်ကစားရန် တနင်္လာနေ့ညနေပိုင်းက ဂျာမနီနိုင်ငံသို့ ထွက်ခွာသွားရာတွင် ဒဏ်ရာပြဿနာများရှိနေသည့် ကာဗာနီနှင့် မာစီ ယဲလ်တို့ကို ချန်လှပ်ခဲ့ခြင်းဖြစ်သည်။ 

၎င်းတို့နှစ်ဦးသည် ဝက်စ်ဟမ်းနှင့် ယှဉ်ပြိုင်ခဲ့သည့် ပရီးမီးယားလိဂ်ပွဲတွင် ဒဏ်ရာရရှိခဲ့ကြခြင်းဖြစ်ပြီး အသေးစားဒဏ်ရာများသာဖြစ်ကြောင်း သိရသည်။ 

၎င်းတို့ မပါဝင်နိုင်သည့်အတွက် မန်ယူအသင်း၏ ကစားသမား(၂၃)ဦးစာရင်းတွင် တိုက်စစ်၌ ရပ်ရှ်ဖို့ဒ်၊ ဂရင်းဝုဒ်နှင့် အီဂါလိုတို့သာကျန်ရှိကြောင်း သိရသည်။ 

သို့သော် တစ်လခန့် အနားယူနေရသည့် ၀ါရင့်နောက်ခံလူ လုခ်ရှော ပြန်လည်ပါဝင်လာခဲ့သည်။ 

မန်ယူအသင်းသည် ယင်းပွဲတွင် သရေတစ်မှတ်ရရုံဖြင့် နောက်တစ်ဆင့်တက်နိုင်မည်ဖြစ်သော်လည်း နည်းပြ ဆိုးလ်ရှားက နိုင်ပွဲရရှိရန် ဦးတည်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

Most Read

Most Recent