မော်ရိုကို ပြည်သူများ၏ ယုံမှားသံသယနှင့် COVID-19 ကာကွယ်ဆေး

မော်ရိုကို ပြည်သူများ၏ ယုံမှားသံသယနှင့် COVID-19 ကာကွယ်ဆေး
Published 6 December 2020
ရန်မျိုးအောင်

ကာကွယ်ဆေး၏ ထိရောက်မှုနှင့် ကာကွယ်ဆေးထိုး လိုက်မည်ဆိုလျှင် ထိုးနှံခံသူ၏  သည် တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားဖွယ်ရှိသည်ဟု စိုးရိမ်ကြောင့်ကြမှုများ နှင့် သံသယများ ထွက်ပေါ်လာခဲ့သည်။

တရားဝင်အသိအမှတ်ပြုခံထားရသည့် မီဒီယာများသည် ယင်းသံသယများ စိုးရိမ်ပူပန်မှုများကို တုံ့ပြန်ရန် ကျွမ်းကျင်သူများနှင့် ဆွေးနွေးမှုများကို ထုတ်လွှင့်  . . .

မော်ရိုကိုတွင် ယခုနှစ်ကုန်ပိုင်း၌ ကိုရိုနာ ဗိုင်းရပ်စ်တိုက်ဖျက်ရန် ကြီးမားသည့် မျှော်လင့်ချက်အတွက် ကာကွယ်ဆေးထိုးနှံရေး စည်းရုံးလှုံ့ဆော်မှုကို စတင်လုပ်ဆောင်ရန် မျှော်လင့်ထားသော်လည်း ယင်း ကြိုးပမ်း အားထုတ်မှုများသည် ကပ်ရောဂါကို ဆိုးရွားစွာ ခံစားခဲ့ရသည့် မော်ရိုကိုအတွင်း ကောလာဟလများနှင့် သံသယများကို ပေါ်ပေါက်လာ စေခဲ့သည်။

မြောက်အာဖရိက ဘုရင့်နိုင်ငံ မော်ရိုကို သည် တရုတ်နိုင်ငံ၏ Sinopharm နှင့် ဗြိတိန်မှ Astra Zeneca/ Oxford ၏ ကာကွယ်ဆေးများကို အသုံးပြုပြီး သုံးလ အတွင်း အရွယ်ရောက်ပြီးသူ သန်း ၂၀ ကို ကာကွယ်ဆေးထိုးနှံပေးရန် မျှော်လင့်ထား သည်။

မော်ရိုကို ကျန်းမာရေးဝန်ကြီး ခါလစ်အေယက်တာလက်ကမူ နိုင်ငံတစ်နိုင်ငံချင်းစီအနေနှင့် ကာကွယ်ဆေးကို အရေးပေါ် အသုံးပြုခွင့်ကြေညာရန် သက်ဆိုင်ရာ နိုင်ငံများ၏ ဆန္ဒနှင့်သာ သက်ဆိုင်ကြောင်း ပြော ကြားခဲ့သည်။

ဗြိတိန်နိုင်ငံသည် Pfizer-BioNTech ၏ COVID-19 ကာကွယ်ဆေးကို အရေး ပေါ်အသုံးခွင့် အတည်ပြုခဲ့သည့် ပထမဆုံး နိုင်ငံဖြစ်လာခဲ့ပြီး Astra Zeneca/ Oxford ၏ ကာကွယ်ဆေးသည်လည်း မကြာမီ သီတင်းပတ်များ အတွင်း အတည်ပြုခံရဖွယ် ရှိနေသည်။

ယင်းကဲ့သို့ ကာကွယ်ဆေးနှင့်ပတ်သက်သည့် မျှော်လင့်ချက်များရှိနေချိန်တွင် မော်ရိုကိုအာဏာပိုင်များက ကပ်ရောဂါအတွက် ဆေးဘက်ဆိုင်ရာ အရေးပေါ်အခြေအနေကို ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁၀ ရက်အထိ သက် တမ်းထပ်တိုးခဲ့သည်။

အစိုးရအနေနှင့် နိုင်ငံအတွင်းရောဂါ ကူးစက်မှုအခြေအနေအရ အရေးပေါ်အခြေ အနေကာလကို ထပ်တိုးရန်ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်ဟု နိုင်ငံပိုင်မီဒီယာတွင်ဖော်ပြခဲ့ သည်။

မော်ရိုကိုနိုင်ငံတွင် ကာကွယ်ဆေးစတင် ထိုးနှံမည့်ရက်အတိအကျသည် ကာကွယ်ဆေးများကို အသုံးပြုခွင့်အတည်ပြုသည့် အချိန်နှင့် ဖြန့်ချိရေး ကြာချိန်များအပေါ် မူ တည်လိမ့်မည်ဟု ကျန်းမာရေးဝန်ကြီး တာလက်က ပြောကြားခဲ့သည်။

သို့သော်လည်း ကာကွယ်ဆေးထိုးနှံရေး အစီအစဉ် မစတင်ခင်အချိန်မှာပင် မော်ရိုကိုတွင် ကာကွယ်ဆေးကို မဖြစ်မနေထိုးနှံရမည်ဟု ပြဋ္ဌာန်းထားသည့် ဥပဒေမူကြမ်းတစ်ခု ရေးဆွဲနေသည်ဆိုသည့် သတင်းအမှား အပါအဝင် ကောလာဟလများသည် လူမှုမီဒီယာများပေါ်တွင် ပျံ့နှံ့လာခဲ့ပြီး ကျန်းမာရေးဝန်ကြီးဌာနက ငြင်းချက်ထုတ်ရသည် အထိပင် ဖြစ်စေခဲ့သည်။

ပြီးခဲ့သည့် ရက်ပိုင်းက Twitter တွင် လူငယ်အမျိုးသားတစ်ဦးကို ရဲအရာရှိခြောက် ဦးကဆွဲခေါ်နေသည့်ဓာတ်ပုံကို “မော်ရိုကို တွင် ကာကွယ်ဆေးထိုးနှံမှု တရားဝင်စတင် ပြီ” ဆိုသည့် ပုံစာဖြင့်တင်ထားခဲ့သဖြင့် မော်ရိုကို အမျိုးသားလုံခြုံရေး အထွေထွေ ဦးစီးဌာနက ယင်းသည် သတင်းအမှားဖြစ်ကြောင်း နှင့် ယင်းကောလာဟလများကို ရှုတ်ချကြောင်း Twitter တွင်ရေးသားဖော်ပြခဲ့ သည်။

မော်ရိုကိုနိုင်ငံသည် သြဂုတ်လက တရုတ်ကုမ္ပဏီ Sinopharm က ထုတ်လုပ်ခဲ့သည့် ကာကွယ်ဆေးစမ်းသပ်မှုများတွင် ပါဝင်ရန် သဘောတူညီချက်တွင် လက်မှတ်ရေးထိုးခဲ့ပြီး Sinopharm ကလည်း ၎င်း၏ကာ ကွယ်ဆေး ရလဒ်များ အောင်မြင်မှုရရှိခဲ့မည်ဆိုလျှင် ယခုနှစ်မကုန်ခင် ကာကွယ်ဆေး အလုံးရေ ၁၀ သန်းကို မော်ရိုကိုနိုင်ငံအား ထောက်ပံ့မည်ဟု သဘောတူခဲ့သည်။

ယင်းကာကွယ်ဆေး၏ နောက်ဆုံးအဆင့် စမ်းသပ်မှု ကနဦးရလဒ်များကို စောင့်စားနေချိန်တွင် မော်ရိုကိုအာဏာပိုင်များ သည် ကာကွယ်ဆေးထိုးနှံမှုအတွက် ပြင်ဆင်နေကြောင်း တာလက်က ပြောကြားခဲ့သည်။

ကိုရိုနာဗိုင်းရပ်စ်သည် မော်ရိုကိုအတွက် ထိုးနှက်ချက်တစ်ခုဖြစ်ခဲ့ပြီး နေ့အလိုက် ကူးစက်မှုနှုန်းသည် တစ်ရက်လျှင် ၅,၀၀၀ ကျော်အထိရှိခဲ့ကာ ဗိုင်းရပ်စ်ကြောင့်  သေဆုံးသူမျာလည်း ၆,၀၀၀ နီးပါးရှိခဲ့သည်။ ရောဂါကူးစက်ခံရသည့် အတည်ပြုလူနာ အရေအတွက်မှာ ၃၇၀,၀၀၀ ခန့်ရှိသည်။

လူဦးရေ ၃၇ သန်းရှိသည့် မော်ရိုကိုတွင် ဗိုင်းရပ်စ်ကြောင့် သေဆုံးသူနှုန်းသည် အတည်ပြုလူနာဦးရေနှင့်နှိုင်းယှဉ်ပါက ၁.၇ ရာခိုင်နှုန်းသာရှိသဖြင့် သေဆုံးနှုန်းနည်းသည်ဟု ပြောနိုင်သည်။

သို့သော်လည်း မော်ရိုကို၏ စီးပွားရေး အချက်အခြာကျသည့် ကာဆာဘလန်ကာ ဆိပ်ကမ်းမြို့တွင် ဆေးဘက်လုပ်သား အင်အားနည်းပါးသည့်ဆေးရုံများသည် ပြိုလဲလုနီးနီးဖြစ်နေသည်။

နိုင်ငံအတွင်း ကပ်ရောဂါစတင်ပျံ့နှံ့လာခဲ့သည့် မတ်လကတည်းက ကပ်ရောဂါတိုက်ဖျက်ရေးအတွက် အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည့် ဆေးဘက်ဝန်ထမ်းများသည်လည်း ယခုဆိုလျှင် အလွန်ပင်ပန်းနွမ်း နယ်လာကြသည့် လက္ခဏာများ ပြသလာခဲ့သည်။

သို့သော်လည်း အစိုးရက ပုဂ္ဂလိကနှင့် အစိုးရကဏ္ဍမှ ဆေးဘက်လုပ်သားများ၊ စစ်ဘက်ဆိုင်ရာ ဆရာဝန်များနှင့် မော်ရိုကို လခြမ်းနီအဖွဲ့ဝင်များအပါအဝင် စုစုပေါင်း ဆေးဘက်လုပ်သား ၁၂,၇၅၀ ကို ကာကွယ်ဆေးထိုးမည့် အစီအစဉ်အတွက် အသင့်ဖြစ်နေစေရန် စည်းရုံးလှုံ့ဆော်ခဲ့သည်။

မော်ရိုကိုဝန်ကြီးချုပ် တာလက်ဘ်ကလည်း မော်ရိုကိုနိုင်ငံသားများနှင့် နိုင်ငံ အတွင်းနေထိုင်သူများကို ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး အစုလိုက်ထိုးနှံမည့် အစီအစဉ် တွင်ပါဝင်ကြရန် တိုက်တွန်းခဲ့သည်။

ကာကွယ်ဆေးပထမအသုတ်များကို ကပ်ရောဂါတိုက်ဖျက်ရေးအတွက် ရှေ့တန်းမှ ဆောင်ရွက်နေသည့် ကျန်းမာရေးနှင့် လုံ ခြုံရေး လုပ်သားများ၊ သယ်ယူပို့ဆောင်ရေး ကဲ့သို့ အဓိကကျသည့် ကဏ္ဍများတွင်ပါဝင် လုပ်ဆောင်နေသူများ၊ ရောဂါအခံရှိပြီး အသက ် ၆၅ နှစ်ကျော်သည့် သက်ကြီးများကို ဦးစားပေးထိုးနှံသွားမည်ဟု ကျန်းမာရေး ဝန်ကြီးက ပြောကြားခဲ့သည်။

သို့သော်လည်း ကာကွယ်ဆေးထိုးနှံရေး အစီအစဉ်အတွက် အစိုးရက ပြင်ဆင်မှုများကို အားတက်သရော ပြုလုပ်နေချိန်တွင် လူထုသည် မျှော်လင့်ချက်နှင့် စိုးရိမ်ပူပန်မှုကြား သဘောထားနှစ်ခြမ်းကွဲခဲ့သည်။

“လူတိုင်းကတော့ ကိုယ်ထင်တာတွေ ရေးနေကြတာပါပဲ” ဟု Hesspress သတင်း ဝက်ဘ်ဆိုက်တွင် လူမှုမီဒီယာအသုံးပြုသူ တစ်ဦးက ရေးသားခဲ့သည်။

နိုဝင်ဘာ ၉ ရက်က မော်ရိုကိုနိုင်ငံ၏ ဆဋ္ဌမမြောက် မိုဟာမက်ဘုရင်သည် လူ အများအပြားကို ကာကွယ်ဆေးထိုးရန် အစီ အစဉ်ရှိကြောင်းပြောကြားခဲ့သော်လည်း အချိန်အတိအကျနှင့် ကာကွယ်ဆေးအမျိုး အစားကို မဖော်ပြခဲ့သဖြင့် ကောလာဟလ များမှာ ပိုမိုထွက်ပေါ်လာခဲ့သည်။

ကာကွယ်ဆေး၏ ထိရောက်မှုနှင့် ကာကွယ်ဆေးထိုးလိုက်မည်ဆိုလျှင် ထိုးနှံခံသူ၏ DNA သည် တစ်မျိုးတစ်ဖုံပြောင်းလဲ သွားဖွယ်ရှိသည်ဟု စိုးရိမ်ကြောင့်ကြမှုများ  နှင့် သံသယများထွက်ပေါ်လာခဲ့သည်။

တရားဝင်အသိအမှတ်ပြုခံထားရသည့် မီဒီယာများသည် ယင်း သံသယများ စိုးရိမ် ပူပန်မှုများကို တုံ့ပြန်ရန် ကျွမ်းကျင်သူများနှင့် ဆွေးနွေးမှုများကို ထုတ်လွှင့်ဖော်ပြပေးခဲ့ပြီး Media 24 အမည်ရှိ သတင်းဝက်ဘ်ဆိုက် တွင်လည်း ကာကွယ်ဆေးနှင့်ပတ်သက်သည့် စိုးရိမ်မှုများ၊ သံသယများရှိသူများကို ဝေဖန် ဖော်ပြခဲ့သည်။

သို့သော်လည်း Economiste သတင်းစာတွင်မူ ကာကွယ်ဆေးသတင်းသည် ကပ်ရောဂါကြောင့် စီးပွားရေးကျဆင်းမှု၊ မိုးခေါင် ရေရှားမှုကြောင့် စိုက်ပျိုးမွေးမြူရေးကဏ္ဍ ထိ ခိုက်နေမှုများအတွက် သက်သာရာရစေသည် ဟု ဖော်ပြခဲ့သည်။

၂၀၂၀ ပြည့်နှစ်အတွင်း မော်ရိုကိုနိုင်ငံ ၏ ဂျီဒီပီသည် ၆.၃ ရာခိုင်နှုန်း ကျုံ့သွားမည် ဖြစ်ပြီး ပြန်လည်နာလန်ထူမှုသည်လည်း မျှော် မှန်းထားသည်ထက် နှေးကွေးနိုင်ကြောင်း စက်တင်ဘာ လကုန်ပိုင်းက မော်ရိုကို ဗဟို ဘဏ်က ခန့်မှန်းထုတ်ပြန်ခဲ့သည်။

ကပ်ရောဂါကြောင့် မတ်လကတည်းက နယ်စပ်များကိုပိတ်ခဲ့ရသဖြင့် နိုင်ငံ့စီးပွားရေး အတွက် အဓိကကျသည့် ခရီးသွားကဏ္ဍသည်လည်း ယိုယွင်းခဲ့ရသည်။ သို့သော် လည်း ကာကွယ်ဆေးနှင့်ပတ်သက်သည့် သတင်းကောင်းများထွက်ပေါ်နေမှုကြောင့် ယင်းခရီးသွားကဏ္ဍအတွက် မျှော်လင့်ချက် ရောင်ခြည်သန်းလာခဲ့ပြီဖြစ်သည်။

Ref: AFP                                                     

 

Most Read

Most Recent