အူနိုင်းအမ်မရီ အထုတ်ခံရသည့် တစ်နှစ်ပြည့်ချိန်တွင် အာဆင်နယ်အသင်း အခြေအနေပိုဆိုးနေပြီး ရာထူးမှ ထုတ်ပယ်ခံရဖွယ်ရှိသည်ဟု အာတီတာ ဝန်ခံ

အူနိုင်းအမ်မရီ အထုတ်ခံရသည့် တစ်နှစ်ပြည့်ချိန်တွင် အာဆင်နယ်အသင်း အခြေအနေပိုဆိုးနေပြီး ရာထူးမှ ထုတ်ပယ်ခံရဖွယ်ရှိသည်ဟု အာတီတာ ဝန်ခံ
Photo: Getty Images
Photo: Getty Images
Published 1 December 2020

အာဆင်နယ်အသင်းနည်းပြ အာတီတာသည် အာဆင်နယ်အသင်းကို လွှဲပြောင်းတာဝန်ယူမှု တစ်နှစ်ပြည့်ခါနီးအချိန်တွင် အသင်း၏ ရပ်တည်မှုမှာ ယခင်နည်းပြဟောင်း အူနိုင်းအမ်မရီလက်ထက်အသင်းထက် ပိုမိုအခြေအနေ ဆိုးရွားနေကြောင်း သိရှိရသည်။

အာဆင်နယ်အသင်းသည် ယခုရာသီတွင် အဆိုးရွားဆုံး ရာသီအဖွင့်ရလဒ်များနှင့် ကြုံတွေ့ရလျက်ရှိပြီး ပြီးခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင်လည်း ဝုလ်ဗ်အသင်းကို အိမ်ကွင်း၌ (၁-၂)ဂိုးဖြင့် ရှုံးနိမ့်ခဲ့ကြောင်း သိရှိရသည်။

ယင်းအတွက်ကြောင့် အာဆင်နယ်အသင်းသည် ပွဲစဉ် (၁၀)အပြီးတွင် ရမှတ် (၁၃)မှတ်သာရရှိကာ အမှတ်ပေးဇယား၏ အဆင့် (၁၄)နေရာအထိ ရောက်ရှိနေကြောင်းလည်း သိရှိရသည်။

အူနိုင်းအမ်မရီလက်ထက်တွင်မူ အာဆင်နယ်အသင်းသည် ယင်းအချိန်တွင် ပွဲစဉ်(၁၃)အပြီးအထိရောက်ရှိနေပြီဖြစ်ပြီး၊ ရမှတ် (၁၈)မှတ်ဖြင့် အမှတ်ပေးဇယား အဆင့် (၈)နေရာတွင် ရောက်ရှိနေခြင်းဖြစ်ရာ အာတီတာ၏အသင်းက ရပ်တည်မှုအရ ပိုမိုအခြေအနေဆိုးရွားနေခြင်းဖြစ်သည်။

တစ်ပွဲပျမ်းမျှ ရမှတ်အားဖြင့်မူ အာတီတာသည် (၁.၃)မှတ်ရယူနိုင်ခဲ့ပြီး၊ အူနိုင်းအမ်မရီ၏ အသင်းက တစ်ပွဲပျမ်းမျှ (၁.၄)မှတ်အထိ ရရှိခဲ့သည်။

ထို့အတွက်ကြောင့် အူနိုင်းအမ်မရီ ရာထူးမှထုတ်ပယ်ခံရမှု တစ်နှစ်တိတိ ပြည့်သည့်အချိန်တွင် အာတီတာလက်ထက် အာဆင်နယ်အသင်း၏ အခြေအနေက ပိုမိုဆိုးရွားနေခြင်းဖြစ်ပြီး အာတီတာက "ကျွန်တော် အာဆင်နယ်အသင်းနည်းပြရာထူးကို စတင်တာဝန်ယူချိန်ကတည်းက တစ်ချိန်ချိန်မှာ ရာထူးက အထုတ်ခံရနိုင်တယ်ဆိုတာကို ကြိုသိထားပြီးဖြစ်ပါတယ်" ဟုလည်း ပြောကြားသွားခဲ့သည်။

Most Read

Most Recent