အလာဘာကို ပေါင်သန်း (၃၀)ဖြင့် ရောင်းချရန် ဘိုင်ယန်မြူးနစ်အသင်း စီစဉ်

အလာဘာကို ပေါင်သန်း (၃၀)ဖြင့် ရောင်းချရန် ဘိုင်ယန်မြူးနစ်အသင်း စီစဉ်
Photo: Getty Images
Photo: Getty Images
Published 6 November 2020

ဘိုင်ယန်မြူးနစ်အသင်းသည် လာမည့်ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် အသင်းနောက်ခံလူ အလာဘာကို ပေါင်သန်း (၃၀)ဖြင့် ရောင်းချရန် စီစဉ်နေကြောင်း Football Insider က ဖော်ပြခဲ့သည်။ 

အသက် (၂၈)နှစ်အရွယ်ရှိ သြစတြီးယားနောက်ခံလူ အလာဘာသည် ယခုရာသီကုန်တွင် ဘိုင်ယန်မြူးနစ်အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး ဘိုင်ယန်မြူးနစ်အသင်းက ၎င်းအား စာချုပ်သက်တမ်းတိုးရန် ကြိုးပမ်းခဲ့သော်လည်း အဆင်မပြေသဖြင့် ဆွေးနွေးမှုကို ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ 

ထို့ကြောင့် အလာဘာအနေဖြင့် လာမည့် ၂၀၂၁ နွေရာသီအပြောင်းအရွှေ့စျေးကွက်တွင် အသင်းမှ ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ထွက်ခွာနိုင်မည်ဖြစ်ပြီး ၎င်းကို ခေါ်ယူရန် မန်စီးတီး၊ လီဗာပူးလ်၊ ရီးယဲလ်နှင့် ဘာစီလိုနာအသင်းတို့က စိတ်ဝင်စားနေကြောင်း သိရသည်။ 

သို့သော် ဘိုင်ယန်မြူးနစ်အသင်းသည် အလာဘာအား ပြောင်းရွှေ့ကြေးအလွတ်ဖြင့် လက်လွှတ်လိုခြင်းမရှိဘဲ လာမည့် ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် ရောင်းချရန် စီစဉ်နေကြောင်း Football Insider က ဖော်ပြခဲ့သည်။ 

ဘိုင်ယန်မြူးနစ်အသင်းသည် အလာဘာအတွက် ပြောင်းရွှေ့ကြေးကို ယူရိုသန်း (၃၀) သတ်မှတ်ထားပြီး လီဗာပူးလ်နှင့် မန်စီးတီးအသင်းတို့က လာမည့်ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် ၎င်းကို ခေါ်ယူရန် အပြိုင်ကြိုးပမ်းလာဖွယ်ရှိနေကြောင်း ဥရောပမီဒီယာများက ဖော်ပြနေကြသည်။ 

Most Read

Most Recent