စီးရီးအေချန်ပီယံဆုကို အေစီမီလန်အသင်း စိန်ခေါ်နိုင်သည်ဟု ရှက်ဗ်ချင်ကို ပြောကြား

စီးရီးအေချန်ပီယံဆုကို အေစီမီလန်အသင်း စိန်ခေါ်နိုင်သည်ဟု ရှက်ဗ်ချင်ကို ပြောကြား
Photo: Getty Images
Photo: Getty Images
Published 4 November 2020

ယူကရိန်းအသင်းနည်းပြ ရှက်ဗ်ချင်ကိုက ယခုရာသီ အေစီမီလန်အသင်းအနေဖြင့် စီးရီးအေချန်ပီယံကို စိန်ခေါ်နိုင်စွမ်းရှိနေကြောင်း ပြောကြားခဲ့သည်။ 

အသက် (၄၄)နှစ်အရွယ်ရှိ ယူကရိန်းလက်ရွေးစင်ဟောင်း ရှက်ဗ်ချင်ကိုသည် အေစီမီလန်အသင်းတွင် ၁၉၉၉ ခုနှစ်မှ ၂၀၀၆ ခုနှစ်အထိ ကစားခဲ့ပြီး အသင်းနှင့်အတူ အောင်မြင်မှုများ ရယူနိုင်ခဲ့သူဖြစ်သည်။ 

ရှက်ဗ်ချင်ကိုက နည်းပြ ပီအိုလီ၏စွမ်းရည်၊ ၀ါရင့်တိုက်စစ်မှူး အီဘရာဟီမိုဗစ်တို့၏ ဦးဆောင်မှုတို့ကြောင့် အေစီမီလန်အသင်းအနေဖြင့် ယခုရာသီတွင် စီးရီးအေချန်ပီယံ ဖြစ်နိုင်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ 

"အေစီမီလန်အသင်းအနေနဲ့ စီးရီးအေချန်ပီယံဆုကို ရယူဖို့အတွက် မျှော်လင့်နိုင်ပါတယ်။ စီးရီးအေရာသီ ပြီးဆုံးဖို့က အများကြီးလိုပါသေးတယ်။ ဒါပေမဲ့ ပီအိုလီဟာ ပြီးခဲ့တဲ့ ၂၀၁၉-၂၀ ရာသီကို အကောင်းဆုံး အဆုံးသတ်နိုင်ခဲ့သလို၊ အခုရာသီကိုလည်း အကောင်းဆုံး စတင်နိုင်ခဲ့ပါတယ်။ အေစီမီလန်အသင်းဟာ တီးဝိုင်းတစ်ခုနဲ့ တူပြီး အီဘရာဟီမိုဗစ်ရဲ့ ဦးဆောင်မှုကလည်း အရမ်းကို ကောင်းမွန်ပါတယ်။ ဒီအချိန်က ဆုဖလားအတွက် ပြောဖို့ စောနေသေးပေမဲ့ ရည်းမှန်းချက်ရှိဖို့ လိုပါတယ်"ဟု ရှက်ဗ်ချင်ကိုက ပြောကြားခဲ့သည်။ 

အေစီမီလန်အသင်းသည် ယခုရာသီ စီးရီးအေပွဲစဉ် (၆)အပြီးတွင် ရှုံးပွဲမရှိသေးဘဲ (၅)ပွဲနိုင်၊ (၁)ပွဲသရေ ရမှတ် (၁၆)မှတ်ဖြင့် အမှတ်ပေးဇယားထိပ်ဆုံး၌ ရပ်တည်နေသည်။ 

Most Read

Most Recent