ဖူလ်ဟမ် - ဝက်စ်ဘရွန်း(မြန်မာစံတော်ချိန် နိုဝင်ဘာ ၃ ရက် ဝဝးဝ၀ နာရီ)
ရှက်ဖီးယူနိုက်တက်၊ ပဲလေ့စ်တို့နဲ့ပွဲတွေမှာ ဖူလ်ဟမ်ကစားပုံ ကောင်းပါတယ်။ ဒါပေမဲ့ နိုင်ပွဲပျောက်ဆုံးနေတုန်းပဲ။ ဝက်စ်ဘရွန်းကလည်း ဖူလ်ဟမ်ထက်သာတယ်ဆိုရုံပါ။ သရေပွဲတွေများနေတယ်။ နှစ်သင်းစလုံးက တန်းတက်လာပြီးနောက် ရုန်းကန်နေရတဲ့အသင်းတွေဖြစ်ပြီး တိုက်စစ်ကစားပုံ မဆိုးဘူး။ ရလဒ်တွေကလည်း ရုပ်ပျက်ဆင်းပျက်တော့ မဖြစ်သေးပါဘူး။ ပြန်တက်လာနိုင်တယ်။ ဒါပေမဲ့ ဒီပွဲတော့ နိုင်မဲ့အသင်းမရှိလောက်ဘူး။

လိဒ်စ် - လက်စတာ(မြန်မာစံတော်ချိန် နိုဝင်ဘာ ၃ ရက် နံနက် ၂း၃၀ နာရီ)
လီဗာပူးလ်ကို အကြိတ်အနယ်ကစားပြီး ကပ်ရှုံးတယ်။ မန်စီးတီးကို သရေကစား တယ်။ ဝုလ်ဗ်ကို ကြောင့် ရှုံးပြီး၊ ကျန်ပွဲတွေကိုအနိုင်ကစားခဲ့တဲ့ လိဒ်စ်ရဲ့ခြေစွမ်းက အထင်ကြီးစရာပါ။ လက်စတာကလည်း နှစ်ပွဲဆက်ရလဒ်ဆိုးနေရာက ဗာဒီ စကစားတဲ့ပွဲမှာပဲ နိုင်ပွဲပြန်ရတယ်။ လက်ရှိအနေအထားအရဆိုရင် လိဒ်စ်ကစားတာကိုတောင် ပိုကြိုက်ပါတယ်။ လိဒ်စ် မရှုံးလောက်ဘူးလို့လည်း ထင်တယ်။















