ဘွန်ဒစ်လီဂါပွဲစဉ် (၆) ပွဲကြိုသုံးသပ်ချက်

ဘွန်ဒစ်လီဂါပွဲစဉ် (၆) ပွဲကြိုသုံးသပ်ချက်
Photos: Getty Images
Photos: Getty Images
Published 31 October 2020

ဖရန့်ဖတ် - ၀ါဒါဘရီမင် (မြန်မာစံတော်ချိန် အောက်တိုဘာ ၃၁ ရက်၊ ည ၉:၀၀ နာရီ)

ဖရန့်ဖတ်အနေနဲ့ ဘိုင်ယန်လိုအသင်းနဲ့တွေ့ဆုံခဲ့လို့သာ ရှုံးပွဲစတွေ့တာဖြစ်ပြီး ဒီရာသီမှာ မထင်မှတ်တာတွေ လုပ်ပြနိုင်တဲ့ အနေအထားရှိတယ်။ ဖရန့်ဖတ် နိုင်ပွဲပြန်ယူမှာပါ။

ကိုလုံး - ဘိုင်ယန်မြူးနစ် (မြန်မာစံတော်ချိန် အောက်တိုဘာ ၃၁ ရက်၊ ည ၉:၀၀ နာရီ)

အခုရာသီမှာ ကိုလုံးအသင်း နိုင်ပွဲမရသေးပေမဲ့ နောက် ဆုံး(၂)ပွဲဆက် သရေကစားထားလို့ ခြေတက်လာတယ်လို့ ယေဘုယျ ယူဆလို့ရတယ်။ ဘိုင်ယန်က ဟော်ဖန်ဟင်မ်ကို မထင်မှတ်ဘဲ ဂိုးပြတ် အရေးနိမ့်ခဲ့ပြီးနောက်ပိုင်း ပြိုင်ပွဲစုံ(၇)ပွဲဆက်တိုက် အနိုင်ပြန်ကစားကာ ဂိုးသွင်းနှုန်းကလည်း တစ်ပွဲပျမ်းမျှ (၃.၅)ဂိုးကျော်ရှိနေတယ်။ ကိုလုံးကွင်းမှာတော့ ဘိုင်ယန်က နောက်ဆုံး(၆) ရာသီဆက်တိုက် အနိုင်ကစားထားပြီး (၅)ပွဲက ဂိုးပြတ်ခဲ့တာ တွေ့ရတယ်။ ဘိုင်ယန်က အရှိန်ပြန်ရလာပေမဲ့ ရုရှားမြေသွား ကစားထားရတဲ့ ခရီးပန်းမှုကိုလည်း ထည့်တွက်ရမှာပါ။ ဘိုင်ယန် (၃)ဂိုးပြတ်ဖို့ မလွယ်ဘူး။

အော့စ်ဘတ် - မိန့်ဇ် (မြန်မာစံတော်ချိန် အောက်တိုဘာ ၃၁ ရက်၊ ည ၉:၀၀ နာရီ)

မိန့်ဇ်က ဒီရာသီမှာ ရာနှုန်းပြည့်ရှုံးထားတဲ့ တစ်သင်းတည်း သောအသင်းပါ။ အော့စ်ဘတ်ကတော့ ပွဲကျပ်တွေကြောင့်သာ  ရှုံးပွဲဆက်ခဲ့ရပြီး ဒီပွဲတော့ အမှတ်ပြည့်ယူမယ်ထင်တယ်။

အာမီးနီးယား - ဒေါ့မွန် (မြန်မာစံတော်ချိန် အောက်တိုဘာ ၃၁ ရက်၊ ည ၉:၀၀ နာရီ)

ဒေါ့မွန်အသင်းက ဒီရာသီအဝေးကွင်း(၃)ပွဲမှာ (၂)ပွဲ ရှုံးနိမ့်ထားပြီး ဘွန်ဒစ်လီဂါနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲ(၂)ခုကြားမှာ ဟန်ချက်ညီညီသွားနိုင်ဖို့ ဖိအားများနေနိုင်တယ်။ တန်းတက် အာမီးနီးယားကတော့ (၃)ပွဲဆက် ရှုံးပွဲကြုံတွေ့ထားပြီး အသင်းစိတ်ဓာတ်ပိုင်းကို ဘယ်လောက်သက်ရောက်မှုရှိမလဲ စောင့်ကြည့်ရမှာပါ။ ဒေါ့မွန်ကိုပဲရွေးချယ်တာပိုကောင်းမယ်။

မိုချန်ဂလာဘတ် - လိုက်ပ်ဇစ် (မြန်မာစံတော်ချိန် အောက်တိုဘာ ၃၁ ရက်၊ ည ၁၂:၀၀ နာရီ)

နှစ်သင်းစလုံး ချန်ပီယံလိဂ်ပွဲကျပ်တွေ ကစားထားရလို့  ပွဲပန်းနေနိုင်ပြီး လိုက်ပ်ဇစ်က ဒီပွဲပြီးရင်လည်း PSG လိုအသင်း နဲ့ထပ်တွေ့နေလို့ ပွဲပိုကျပ်ပါတယ်။ မိုချန်ဂလာဘတ်ကတော့  ချန်ပီယံလိဂ်မှာ အင်တာမီလန်၊ ရီးယဲလ်တို့လို ထိပ်သီးအသင်းတွေကို အနိုင်ရလုနီးပါးအခြေအနေထိ ရောက်ခဲ့တဲ့အသင်းဖြစ်ပြီး လတ်တလော ခြေလည်းတက်လာတယ်။ ထူးခြားတာက ဘွန်ဒစ်လီဂါကို လိုက်ပ်ဇစ် တန်းတက်လာပြီးကတည်းက မိုချန်ကွင်းမှာ (၄)ရာသီဆက်တိုက် အနိုင်ယူထားတာပဲဖြစ်တယ်။ လိုက်ပ်ဇစ် ပွဲကျပ်တွေအကြားရောက်နေလို့ မိုချန် အမှတ်ရလိမ့်မယ်။

Most Read

Most Recent