ဂျော်ဂျင်ဟို ပယ်နယ်တီကန်သည့်ပုံစံမှာ ပြဿနာမရှိသော်လည်း ဗာနာလည်း ကန်နိုင်ဟု လမ်းပတ် ဆို

ဂျော်ဂျင်ဟို ပယ်နယ်တီကန်သည့်ပုံစံမှာ ပြဿနာမရှိသော်လည်း ဗာနာလည်း ကန်နိုင်ဟု လမ်းပတ် ဆို
Photos: Getty Images
Photos: Getty Images
Published 30 October 2020

ချယ်လ်ဆီးအသင်းနည်းပြ လမ်းပတ်က ဂျော်ဂျင်ဟို၏ ပယ်နယ်တီကန်သည့်ပုံစံမှာ ပြဿနာမရှိသော်လည်း ယင်းတာဝန်ကို ဗာနာလည်း ယူနိုင်ကြောင်း အရိပ်အမြွက် ပြောကြားခဲ့သည်။

    

ဗုဒ္ဓဟူးနေ့က ရုရှားကလပ် ခရက်စ်နိုဒါအသင်းအား အဝေးကွင်း၌ (၄-၀)ဂိုးဖြင့် အနိုင်ရသည့်ပွဲတွင် ချယ်လ်ဆီးအသင်း ပယ် နယ်တီကန်ခွင့်(၂)ကြိမ်ရရှိခဲ့ပြီး (၁၄)မိနစ်တွင် ဂျော်ဂျင်ဟို၏ကန်သွင်းမှု တိုင်ထိသွားခဲ့သည်။ 

သို့သော် ၎င်းလူစားလဲသွားပြီးနောက် (၇၆) မိနစ်တွင် ထပ်မံရရှိသည့် ပယ်နယ်တီကို ဗာနာက အမှားအယွင်းမရှိ ကန်သွင်းယူနိုင်ခဲ့သည်။ 

ဂျော်ဂျင်ဟိုသည် ချယ်လ်ဆီးအသင်းတွင် ဦးစားပေးပယ်နယ်တီကန်သွင်းသူဖြစ်ပြီး ယခုရာသီတွင် ပယ်နယ်တီမှ (၃)ဂိုးသွင်းယူထားသော်လည်း ဒုတိယအကြိမ် လွဲချော်ခြင်းဖြစ်သည်။ 

သို့ဖြစ်ရာ လမ်းပတ်က "ဂျော်ဂျင်ဟိုက သူ့ကစားသမားဘဝမှာ အောင်မြင်တဲ့ ပယ်နယ်တီဂိုးသွင်းနှုန်းရထားတဲ့သူပါ။ အထူးသဖြင့် ချယ်လ်ဆီးမှာပါ။ သူ့လိုမျိုး ပယ်နယ်တီအများကြီးကန်တဲ့ အခါ ဒီလိုကာလအတွင်းမှာ တစ်ကြိမ်၊ နှစ်ကြိမ်လောက်တော့ လွဲချော်နိုင်ပါတယ်။ သူ ကန်သွင်းတဲ့ပုံစံနဲ့ပတ်သက်ပြီး ကျွန်တော့်အတွက် ပြဿနာမရှိပါဘူး။ ကျွန်တော်တို့ တွေ့ရသလောက် တီမိုဗာနာကလည်း ပယ်နယ်တီကန်နိုင်တဲ့သူပါ"ဟု ပြောကြားခဲ့သည်။

Most Read

Most Recent