ဇီဒန်းအပေါ် ကစားသမားများအားလုံး ယုံကြည်မှုအပြည့်ရှိကြောင်း တိုနီကရို့စ် ပြောကြား

ဇီဒန်းအပေါ် ကစားသမားများအားလုံး ယုံကြည်မှုအပြည့်ရှိကြောင်း တိုနီကရို့စ် ပြောကြား
Photo: Marca
Photo: Marca
Published 27 October 2020

ရီးယဲလ်ကွင်းလယ်လူ တိုနီကရို့စ်က မိမိတို့အသင်းသားအနေဖြင့် နည်းပြ ဇီဒန်းအပေါ် ယုံကြည်မှုအပြည့်ရှိနေကြောင်း ပြောကြားခဲ့သည်။ 

ရီးယဲလ်အသင်းသည် ကာဒစ်ဇ်နှင့် ရှက်တာဒိုးနတ်တို့ကို (၂)ပွဲဆက်တိုက် ရှုံးနိမ့်ခဲ့ခြင်းကြောင်း အသင်းနည်းပြ ဇီဒန်းမှာ ဝေဖန်မှုများနှင့် ရင်ဆိုင်နေရပြီး ရာထူးမှထုတ်ပယ်ခံရဖွယ်ရှိသည်ဟု သတင်းများထွက်ပေါ်ခဲ့သည်။ 

သို့သော် ဇီဒန်းက မိမိတို့အနေဖြင့် နည်းပြ ဇီဒန်းအပေါ် သံသယမရှိကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ 

ဇီဒန်းက "ကစားသမားတွေအနေနဲ့ နည်းပြ ဇီဒန်းအပေါ် လုံးဝသံသယ မရှိပါဘူး။ ကျွန်တော်တို့ အတူတူ နိုင်ပွဲတွေရခဲ့သလို၊ အတူတူ ရှုံးနိမ့်ခဲ့ကြပါတယ်။ အားလုံးအတူတူပါပဲ။ ကျွန်တော်တို့အနေနဲ့ ဇီဒန်းအပေါ် ယုံကြည်မှုအပြည့် ရှိပါတယ်"ဟု ပြောကြားခဲ့သည်။ 

ထို့ပြင် တိုနီကရို့စ်က မိမိအား ခေါ်ယူရန် ကမ်းလှမ်းမှုရှိသော်လည်း ရီးယဲလ်အသင်းတွင်သာ ကစားသမားဘဝကုန်ဆုံးလိုကြောင်းလည်း ပြောကြားခဲ့သည်။ 

အသက် (၃၀)နှစ်အရွယ်ရှိ ဂျာမန်ကွင်းလယ်လူ တိုနီကရို့စ်သည် ရီးယဲလ်အသင်းနှင့် ၂၀၂၃ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေသူ ဖြစ်သည်။ 

Most Read

Most Recent