■ စီးရီးအေ ပွဲစဉ်-၅ ပွဲကြိုသုံးသပ်ချက်

■ စီးရီးအေ ပွဲစဉ်-၅ ပွဲကြိုသုံးသပ်ချက်
Photos : Teams' Facebook
Photos : Teams' Facebook
Published 26 October 2020

အေစီမီလန် - ရိုးမား (မြန်မာစံတော်ချိန် အောက်တိုဘာ ၂၇ ရက် နံနက် ၂း၁၅ နာရီ)

ချာဟာနိုဂလူး ဒဏ်ရာရသွားတာ အေစီမီလန်တိုက်စစ်ကစားပုံကို ဘယ်လောက်ထိခိုက်စေမလဲ စောင့်ကြည့်ရမယ်။ ရယ်ဘစ်သာ မပါနိုင်သေးဘူးဆိုရင် အေစီမီလန်တိုက်စစ်မှာ အရန်အင်အားမရှိသလိုဖြစ်သွားပါလိမ့်မယ်။ လီယာအို၊ ဒီယက်ဇ်တို့လို လူငယ်တွေခြေစွမ်းပြနေပြီး အီဘရာဟီမိုဗစ် ဂိုးမြူးနေတာကတော့ အေစီမီလန်အတွက် အားသာချက်ပါပဲ။

ရိုးမားက နောက်ဆုံးပွဲမှာ တန်းတက် ဘင်နီဗန်တိုကို ဂိုးပြတ်အနိုင်ရထားပေမဲ့ ခံစစ်က စိတ်မချရသေးဘူး။ ဗယ်ရီတူ၊ ပတ်ဒရိုတို့နဲ့ တိုက်စစ်ကစားပုံ လျင်မြန်ပြီးကောင်းမွန်ပေမဲ့ အေစီမီလန်ခံစစ်မာဂုဏ်ကြောင့် ရိုးမား အခက်တွေ့နိုင်ပါတယ်။ 

အစဉ်အလာအရ အေစီမီလန်ကွင်းမှာ ရိုးမား ရုန်းကန်ရတတ်ပြီး ဒီပွဲမှာလည်း မမျှော်လင့်ထားတာတွေ လုပ်ပြနိုင်ဦးမယ်မထင်ဘူး။ အီဘရာဟီမိုဗစ် ကြောင့် အေစီမီလန်ကိုပဲ ဆက်ပြီးယုံကြည်ရမယ်ထင်တယ်။

Most Read

Most Recent