မကွေးအသင်း ဖျက်သိမ်းသော်လည်း မိမိအနေဖြင့် ဘောလုံးလောကတွင် ဆက်ရှိနေမည်ဟု ဦးကြည်လွင် ဆို

မကွေးအသင်း ဖျက်သိမ်းသော်လည်း မိမိအနေဖြင့် ဘောလုံးလောကတွင် ဆက်ရှိနေမည်ဟု ဦးကြည်လွင် ဆို
Photo: EMG
Photo: EMG
Published 21 October 2020

မကွေးအသင်း အုပ်ချုပ်သူ/နည်းစနစ် အကြံပေး ဦးကြည်လွင်က မကွေးအသင်း ဖျက်သိမ်းသွားသော်လည်း မိမိအနေဖြင့် ဘောလုံးလောကတွင် ဆက်ရှိနေမည်ဖြစ်ကြောင်း အတည်ပြု ပြောကြားခဲ့သည်။

ဦးကြည်လွင်သည် မကွေးအသင်း စတင်တည်ထောင်ကတည်းက နည်းပြချုပ်အဖြစ် ဆောင်ရွက်ခဲ့သူဖြစ်ပြီး ၂၀၁၇ ခုနှစ်မှစတင် ကာ နည်းစနစ်အကြံပေး/ အုပ်ချုပ်သူအဖြစ် ပြောင်းလဲတာဝန်ယူခဲ့သည်။ ဦးကြည်လွင်က "မကွေးအသင်း ဖျက်သိမ်းသွားပေမယ့် ဘောလုံးလောကမှာပဲ ဆက်ရှိနေမှာပါ။ လုပ်နိုင်တဲ့အချိန်ထိ ဆက်လုပ်သွားမှာပါ" ဟု ပြောကြားခဲ့သည်။

ဦးကြည်လွင်သည် မကွေးအသင်းတွင် တာဝန်ထမ်းဆောင်နေသည့်ကာလအတွင်း မြန်မာ ယူ-၂၃ အသင်းနှင့် ယူ-၂၂ အသင်းတို့၏ နည်းပြချုပ်အဖြစ် ဆောင်ရွက်ခဲ့သလို မြန်မာ့လက်ရွေးစင်အသင်း လက်ထောက်နည်းပြအဖြစ်လည်း ၂၀၁၆ ခုနှစ်ကတည်းက တာဝန်ယူဆောင်ရွက်လျက်ရှိသည်။

လက်ရှိ မြန်မာ့လက်ရွေးစင်အသင်းနည်းပြချုပ် အန်တွမ်နီဟေး၏နည်းပြအဖွဲ့တွင်လည်း ပါဝင်လျက်ရှိပြီး မကွေးအသင်း ဖျက်သိမ်းခဲ့သောကြောင့် မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ် (MFF) အနေဖြင့် ဦးကြည်လွင်ကို စာချုပ်ဖြင့် တာဝန်ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

 

 

Most Read

Most Recent