ပုံမှန်ပွဲထွက်ခွင့်မရပါက အင်တာမီလန်မှထွက်ခွာနိုင်ကြောင်း အဲရစ်ဆင် အရိပ်အမြွက်ပြောကြား

ပုံမှန်ပွဲထွက်ခွင့်မရပါက အင်တာမီလန်မှထွက်ခွာနိုင်ကြောင်း အဲရစ်ဆင် အရိပ်အမြွက်ပြောကြား
Photos: Getty Images
Photos: Getty Images
Published 10 October 2020

အင်တာမီလန်ကွင်းလယ်လူ အဲရစ်ဆင်က မိမိအနေဖြင့် ပုံမှန်ပွဲထွက်ခွင့်မရပါက အသင်းမှထွက်ခွာနိုင်ကြောင်း အရိပ်အမြွက်ပြောကြားခဲ့သည်။ 

အသက် (၂၈)နှစ်အရွယ်ရှိ ဒိန်းမတ်ကွင်းလယ်လူ အဲရစ်ဆင်သည် ၂၀၂၀ ဇန်နဝါရီအပြောင်းအရွှေ့စျေးကွက်တွင် စပါးအသင်းမှ အင်တာမီလန်အသင်းထံသို့ ယူရို (၂၇)သန်းဖြင့် ပြောင်းရွှေ့ခဲ့သူဖြစ်သည်။ 

သို့သော် အဲရစ်ဆင်သည် အင်တာမီလန်အသင်းတွင် ပွဲထွက်ခွင့်ရရန် ရုန်းကန်နေရပြီး ပြိုင်ပွဲစုံ (၂၈)ပွဲ ပါဝင်ကစားရာတွင် (၃)ပွဲသာ ပွဲချိန်ပြည့်ကစားခဲ့ရသလို၊ အများစုမှာ လူစားဝင်ကစားသမားအဖြစ်သာ ကစားခဲ့ခြင်းဖြစ်သည်။ 

ထို့ကြောင့် အဲရစ်ဆင်သည် ယင်းအခြေအနေကို စိတ်ပျက်နေပြီး တစ်ရာသီလုံး အရန်ခုံတွင် ထိုင်နေမည်မဟုတ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ 

"တစ်ရာသီလုံး အရန်ခုံတန်းမှာပဲ ကျွန်တော် ထိုင်မနေချင်ပါဘူး။ အရန်ခုံမှာထိုင်ဖို့က ကျွန်တော့်ရဲ့ ရည်ရွယ်ချက်မဟုတ်သလို၊ နည်းပြနဲ့ အသင်းကလည်း အဲဒီလိုရည်ရွယ်ချက်မျိုး မရှိဖို့ ကျွန်တော် မျှော်လင့်ပါတယ်။ ဒီရာသီမှာ ပွဲစဉ်တွေ အများကြီးကစားရမှာဖြစ်ပြီး ကျွန်တော့်အနေနဲ့ ပွဲကစားခွင့်ရဖို့ မျှော်လင့်ပါတယ်။ ကျွန်တော့်ရဲ့အသက်က (၂၈)နှစ်ကျော်ပါပြီ။ အရန်ခုံမှာ ထိုင်မနေချင်ပါဘူး"ဟု အဲရစ်ဆင်က ပြောကြားခဲ့သည်။ 

အဲရစ်ဆင်သည် ယခုရာသီတွင် အင်တာမီလန်အတွက် စီးရီးအေပွဲစဉ် (၂) ပွဲ ပါဝင်ကစားခွင့်ရထားပြီး (၂)ပွဲစလုံး လူစားဝင်ကစားသမားအဖြစ်သာ ကစားခဲ့ရသည်။

Most Read

Most Recent