ယခုနှစ်ကုန်တွင် စာချုပ်ကုန်ဆုံးမည့်နည်းပြများအား သက်တမ်းတိုးရန် MFF မဆွေးနွေးရသေး

ယခုနှစ်ကုန်တွင် စာချုပ်ကုန်ဆုံးမည့်နည်းပြများအား သက်တမ်းတိုးရန် MFF မဆွေးနွေးရသေး
Photo: Sports 442
Photo: Sports 442
Published 7 October 2020

ယခုနှစ်ကုန်တွင် စာချုပ်ကုန်ဆုံးမည့်နည်းပြများအား သက်တမ်းတိုးရန် MFF မဆွေးနွေးရသေး

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) နည်းစနစ်ကော်မတီသည် ယခုနှစ်ကုန်တွင် စာချုပ်သက်တမ်းကုန်ဆုံးမည့် နည်းပြများအား သက်တမ်းတိုးရန် မဆွေးနွေးရသေးကြောင်း သိရသည်။

"အဖွဲ့ချုပ်ဘက်ကတော့ နည်းပြကိစ္စ တွေနဲ့ပတ်သက်ပြီး တင်ပြလာတာမရှိသေးပါဘူး။ သူတို့ဘက်က တင်ပြလာမှ ကျွန်တော်တို့ဘက်က သက်တမ်းတိုးမတိုး ဆုံးဖြတ်ရတာ ဖြစ်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်အခြေအနေကြောင့်လည်း မတင်ပြသေးတာ ဖြစ်နိုင်ပါတယ်" ဟု MFF နည်းစနစ်ကော်မတီဥက္ကဋ္ဌ ဦးသန်းတိုးအောင်က ပြောကြားခဲ့သည်။

ယခုနှစ်ကုန်တွင် စာချုပ်သက်ကုန်ဆုံးမည့် နည်းပြများတွင် မြန်မာ ယူ-၂၂ အသင်း နည်းပြချုပ် ပိုပေါ့ဗ်အပါအဝင် လက်ရွေးစင်အသင်းများ၏ နည်းပြချုပ်အချို့ ပါဝင်နေပြီး နှစ်မကုန်မီ စာချုပ်သက်တမ်းတိုးမတိုး ဆုံးဖြတ်ရမည် ဖြစ်သည်။

ကိုရိုနာဗိုင်းရပ်စ်အခြေအနေကြောင့် လက်ရွေးစင်အသင်းအားလုံး စခန်းဝင်လေ့ကျင့်မှု ရပ်နားထားပြီး နိုင်ငံတကာပြိုင်ပွဲများကိုလည်း ရွှေ့ဆိုင်းထားရသည်။ MFF အနေဖြင့် ရောဂါဖြစ်ပွားမှု အခြေအနေအပေါ်မူတည်၍ လက်ရွေးစင် အသင်းများ စခန်းဝင်လေ့ကျင့်မည့်ရက်ကို သတ်မှတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent