ဘာစီလိုနာတွင် ဂရီးဇ်မန်းမပျော်မရွှင်ဖြစ်နေဟု ပြင်သစ်နည်းပြဒေးရွှမ့်ဆို

ဘာစီလိုနာတွင် ဂရီးဇ်မန်းမပျော်မရွှင်ဖြစ်နေဟု ပြင်သစ်နည်းပြဒေးရွှမ့်ဆို
Photos: Getty Images
Photos: Getty Images
Published 6 October 2020

ပြင်သစ်လက်ရွေးစင်အသင်းနည်းပြဖြစ်သူ ဒေးရွှမ်းက ပြင်သစ်လက်ရွေးစင်တိုက်စစ်မှူး ဂရီးဇ်မန်းအနေဖြင့် ၄င်း၏ကလပ်အသင်းဖြစ်သည့် ဘာစီလိုနာအသင်းတွင် မပျော်မရွှင်ဖြစ်နေကြောင်း ပြောကြားခဲ့သည်။

အသက် (၂၉)နှစ်အရွယ်ရှိ ပြင်သစ်တိုက်စစ်မှူး ဂရီးဇ်မန်းသည် ပြီးခဲ့သည့် ၂၀၁၉ နွေရာသီအပြောင်းအရွှေ့က အက်သလက်တီကိုမက်ဒရစ်အသင်းမှ ဘာစီလိုနာအသင်းသို့ ယူရိုသန်း (၁၂၀)ဖြင့် ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး ဘာစီလိုနာအသင်းတွင်

ကစားကွက်အပြောင်းအလဲများနှင့်အတူ ပုံမှန်ခြေစွမ်းပြရန် ရုန်းကန်နေရသူဖြစ်သည်။ ထို့ုပြင် ဂရီးဇ်မန်းအနေဖြင့် ဘာစီလိုနာအသင်းတွင် အသင်းခေါင်းဆောင်မက်ဆီနှင့် ဆက်ဆံရေးအဆင်မပြေကြောင်း သတင်းများထွက်ပေါ်ခဲ့ဖူးသလို၊ ပြီးခဲ့သည့်အပြောင်းအရွှေ့ကာလများတွင်လည်း ဘာစီလိုနာအသင်းမှပြန်လည်ထွက်ခွာမည်ဆိုသည့် သတင်းများလည်းထွက်ပေါ်ခဲ့ဖူးသည်။

ဂရီးဇ်မန်း၏ လက်ရှိအခြေအနေနှင့်ပတ်သက်ပြီး ဒေးရွှမ့်က ''ကျွန်တာ်ယုံကြည်တာကတော့ သူ(ဂရီးဇ်မန်း)ဟာ လက်ရှိဘာစီလိုနာအသင်းရဲ့အခြေအနေတွေမှာ ပျော်ရွှင်မှုမရှိဘူးဆိုတာပါပဲ။ ဒီကလပ်အသင်း (ဘာစီလိုနာ)မှာ ဘာတွေဘယ်လိုဖြစ်နေလဲဆိုတဲ့အကြောင်းပြောဖို့ ကျွန်တော်ဆန္ဒမရှိပါဘူး။ ဒါပေမဲ့ ဂရီးဇ်မန်းဟာ လက်ရှိမှာ ညာတောင်ပံကိုထွက်ကစားနေရပါတယ်။ ကျွန်တော်နားမလည်တာက ဘာကြောင့် ဂရီးဇ်မန်းဟာ ဘာစီလိုနာအသင်းမှာ ဗဟိုတိုက်စစ်နေရာမကစားရတာလဲ'' ဟု ပြောကြားခဲ့သည်။

ဒေးရွှမ့်သည် ဂရီးဇ်မန်းအား ပြင်သစ်လက်ရွေးစင်အသင်းတိုက်စစ်ပိုင်းတွင် ဂျရူး (သို့မဟုတ်) ဘာပေတို့၏နောက် နောက်ချန်တိုက်စစ်မှူးနေရာတွင် အသုံးပြုကစားခဲ့သူဖြစ်သည်။

ဂရီးဇ်မန်းသည် ပြီးခဲ့သည့် ၂၀၁၉-၂၀ ဘောလုံးရာသီက ဘာစီလိုနာအသင်းအတွက် ပြိုင်ပွဲစုံ (၄၈)ပွဲကစားရာတွင် (၁၅)ဂိုးသာသွင်းယူနိုင်ခဲ့သလို၊ ယခုရာသီတွင်လည်း လာလီဂါပွဲစဉ် (၃)ပွဲပါဝင်ကစားထားပြီး ဂိုးသွင်းယူနိုင်ထားခြင်းမရှိသေးပေ။

 

Most Read

Most Recent