လီဗာပူးလ်ကစားသမား မာနေ COVID-19 Positive တွေ့ရှိသဖြင့် ယနေ့ကစားမည့် ဗီလာနှင့်ပွဲကို လွဲချော်မည်

လီဗာပူးလ်ကစားသမား မာနေ COVID-19 Positive တွေ့ရှိသဖြင့် ယနေ့ကစားမည့် ဗီလာနှင့်ပွဲကို လွဲချော်မည်
Photos : Getty Images
Photos : Getty Images
Published 4 October 2020

မာနေ COVID-19 ကူးစက်ခံထားရသည့်အကြောင်းကို လီဗာပူးလ်အသင်းက သောကြာနေ့တွင် ထုတ်ပြန်ခဲ့ပြီး ကွင်းလယ်လူ သီယာဂိုမှာလည်း လွန်ခဲ့သည့်သုံးရက်က Positive တွေ့ရှိသဖြင့် ရက်ပိုင်းအတွင်း ရောဂါပိုးတွေ့ရှိသည့် ကစားသမားနှစ်ဦးရှိလာပြီဖြစ်သည်။

လီဗာပူးလ်အသင်း တိုက်စစ်ကစားသမား မာနေသည် COVID-19 ရောဂါ Positive တွေ့ရှိသဖြင့် ယနေ့ကစားမည့် ဗီလာအသင်းနှင့်ပွဲကို လွဲချော်မည် ဖြစ်ကြောင်း သိရသည်။

မာနေ COVID-19 ကူးစက်ခံထားရသည့်အကြောင်းကို လီဗာပူးလ်အသင်းက သောကြာနေ့တွင် ထုတ်ပြန်ခဲ့ပြီး ကွင်းလယ်လူ သီယာဂိုမှာလည်း လွန်ခဲ့သည့်သုံးရက်က Positive တွေ့ရှိသဖြင့် ရက်ပိုင်းအတွင်း ရောဂါပိုးတွေ့ရှိသည့် ကစားသမားနှစ်ဦးရှိလာပြီဖြစ်သည်။

" ဆာဒီယိုမာနေက COVID-19 Positive စစ်ဆေးတွေ့ရှိခဲ့တဲ့အတွက် လိုအပ်တဲ့လမ်းညွှန်ချက်အတိုင်း သီးခြားခွဲပြီး နေထိုင်နေပါပြီ။ တနင်္လာနေ့က အာဆင်နယ် နဲ့ပွဲမှာ ပွဲထွက်ကစားပြီး ဂိုးသွင်းယူခဲ့တဲ့ တိုက်စစ်ကစားသမားအနေနဲ့ ဗိုင်းရပ်စ်ရဲ့ ရောဂါလက္ခဏာ အနည်းငယ်ပြပေမဲ့ နေထိုင်ရတာ ကောင်းမွန်ပါတယ်။ သီယာဂိုအယ်လ်ကန်တာရာရဲ့အခြေအနေအတိုင်းပဲ လီဗာပူးလ်အသင်းအနေနဲ့ COVID-19 နဲ့ပတ်သက်တဲ့ လုပ်ထုံးလုပ်နည်းတွေကို လိုက်နာကျင့်သုံး သွားမှာပါ။ မာနေက သတ်မှတ်ထားတဲ့ကာလ အထိ သီးခြားခွဲပြီး နေထိုင်ရမှာပါ" ဟု လီဗာပူးလ်အသင်းက ကြေညာချက်ထုတ်ပြန်ခဲ့သည်။

မာနေသည် ယခုရာသီတွင် ချယ်လ်ဆီး နှင့်ပွဲ၌ နှစ်ဂိုး၊ အာဆင်နယ်နှင့်ပွဲ၌ တစ်ဂိုးသွင်းယူကာ ခြေစွမ်းပြနေသူဖြစ်သည်။ ၎င်းနှင့် သီယာဂို နှစ်ဦးစလုံးမှာ နိုင်ငံတကာရက်သတ္တပတ်ကာလအပြီး မာဆေးဆိုက်ဒါဘီပြိုင်ဘက် အဲဗာတန်အသင်းနှင့်ပွဲမှသာ ပြန်လည်ကစားနိုင်တော့မည်ဖြစ်သည်။