COVID-19 စီးပွားရေးထိခိုက်မှုသက်သာရေးစီမံချက် (CERP) အရ ချေးငွေထုတ်ချေးမှုတွင် ကျပ် ၁၀၄၉ ဘီလျံနှင့် အိမ်ထောင်စုများအပါအဝင် ထောက်ပံ့မှုများအတွက် ကျပ်ဘီလျံ ၉၄၀ ကျော်ဖြင့် စုစုပေါင်းအသုံးစရိတ် ကျပ် ၁၉၈၉ ဘီလျံကျော် သုံးစွဲထား

COVID-19 စီးပွားရေးထိခိုက်မှုသက်သာရေးစီမံချက် (CERP) အရ ချေးငွေထုတ်ချေးမှုတွင် ကျပ် ၁၀၄၉ ဘီလျံနှင့် အိမ်ထောင်စုများအပါအဝင် ထောက်ပံ့မှုများအတွက် ကျပ်ဘီလျံ ၉၄၀ ကျော်ဖြင့် စုစုပေါင်းအသုံးစရိတ် ကျပ် ၁၉၈၉ ဘီလျံကျော် သုံးစွဲထား
Published 26 September 2020
နီလာ

COVID-19 စီးပွားရေးထိခိုက်မှု သက်သာရေးစီမံချက် (CERP) အရ ချေးငွေထုတ်ချေးမှုတွင် ကျပ် ၁၀၄၉ ဘီလျံနှင့် အိမ်ထောင်စုများအတွက် ထောက်ပံ့ပေးမှုများ အပါအဝင် ထောက်ပ့ံငွေ ကျပ်ဘီလျံ ၉၄၀ ကျော်ဖြင့် စုစုပေါင်းအသုံးစရိတ်ကျပ် ၁၉၈၉ ဘီလျံကျော် သုံးစွဲထားကြောင်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနမှ သိရသည်။

CERP Action Plan အရ အသုံးစရိတ်များအနက် ချေးငွေထုတ်ချေးမှုတွင် တောင်သူလယ်သမားများအတွက် ကျပ်ဘီလျံ ၆၀၀၊ MNA အတွက် ကျပ် ၃၄ ဘီလျံ၊ MSME Fund အတွက် ကျပ်ဘီလျံ ၂၀၀၊ MFI အတွက် ကျပ်ဘီလျံ ၁၀၀၊ လက်ဖက်ရည်ဆိုင်လုပ်ငန်းများအတွက် ကျပ်ဘီလျံ ၁၀၀ နှင့် ရုပ်ရှင်၊ ဂီတ၊ သဘင်လုပ်ငန်းများအတွက် ကျပ် ၁၅ ဘီလျံဖြင့် စုစုပေါင်း ၁၀၄၉ ဘီလျံရှိကြောင်း သိရသည်။

ထောက်ပံ့မှုများတွင် အိမ်ထောင်စုများအတွက် ကျပ် ၃၆၃ ဒသမ ၀၆၉ ဘီလျံ၊ တနင်္သာရီဓာတ်အားခအတွက် ကျပ် ၆ ဒသမ ၀၈၂ ဘီလျံ၊ အရန်ဆန်နှင့် စားအုန်းဆီအတွက် ကျပ် ၃၈ ဒသမ ၁၃၆ ဘီလျံ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအတွက် ကျပ် ၉၂ ဒသမ ၆၁၂ ဘီလျံ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအတွက် ကျပ်  ၂၆၇ ဒသမ ၉၀၃ ဘီလျံ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနအတွက် ကျပ် ၃၅ ဒသမ ၉၂၃ ဘီလျံ၊ ရွေးကောက်ပွဲအတွက် ကျပ် ၅ ဒသမ ၀၇၆ ဘီလျံ၊ အိမ်ခန်းပေါင်း ၁၀၀၀၀ အတွက် ကျပ် ဘီလျံ ၁၃၀၊ Core Group/ ထွေအုပ်စာရေး ဝန်ထမ်းအတွက် ၁ ဒသမ ၈၃၂ ဘီလျံနှင့် ကြက်ငှက်တုပ်ကွေးအတွက် သုည ဒသမ ၁၄၃  ဘီလျံဖြင့် စုစုပေါင်းထောက်ပံ့ငွေကျပ် ၉၄၀ ဒသမ ၇၇၆ ဘီလျံရှိကြောင်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနမှ သိရသည်။

မြန်မာနိုင်ငံအနေဖြင့် COVID-19 ကြောင့် စီးပွားရေးထိခိုက်မှုများကို သက်သာစေရန် ကုစားမှုအစီအစဉ်များအတွက် လမ်းပြမြေပုံအဖြစ် စီးပွားရေးထိခိုက်မှုသက်သာရေးစီမံချက် (COVID-19 Economic Relief Plan- CERP) ရေးဆွဲထုတ်ပြန်ခဲ့သည်။         

COVID-19 ကြောင့် လယ်ယာကဏ္ဍ ထိခိုက်မှုအပေါ် ကုစားရန်နှင့် ကျေးလက်နေပြည်သူများ၏ လူမှုဘဝဖွံ့ဖြိုးရေးဆောင်ရွက်ရန် နိုင်ငံတော်က ကျပ် ၉၂ ဒသမ ၆၁ ဘီလျံခွင့်ပြုပေးခဲ့ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ပြောကြားခဲ့သည်။

COVID-19 ကြောင့်ထိခိုက်ခဲ့သည့် စီးပွားရေးလုပ်ငန်း ၁၀၄၁ ခုသို့ ချေးငွေကျပ် ၂၀ ဒသမ ၇၇၇၅ ဘီလျံကို ဒုတိယအကြိမ် COVID-19 Fund မှ ချေးငွေထုတ်ယူခွင့်ပြုလိုက်ကြောင်း Coronavirus Disease 2019 (COVID-19) ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီက သတင်းထုတ်ပြန်လိုက်သည်။

အဆိုပါကော်မတီအစည်းအဝေး (၉/ ၂၀၂၀) ဆုံးဖြတ်ချက်အရ ချေးငွေလျှောက်ထားသည့် လုပ်ငန်းများအနက်မှ လုပ်ငန်း ၁၀၄၁ ခုသို့ ခွင့်ပြုငွေကျပ် ၂၀ ဒသမ ၇၇၇၅ ဘီလျံကို ချေးငွေထုတ်ယူခွင့်ပြုလိုက်ခြင်း ဖြစ်သည်။

ဒုတိယအကြိမ် COVID-19 Fund မှ ပထမအသုတ်ချေးငွေ ရရှိသည့်ကုမ္ပဏီလုပ်ငန်းများတွင် ဆန်စက်လုပ်ငန်းများ၊ မွေးမြူရေးလုပ်ငန်များ၊ Daewoo Bus Myanmar Company Limited ၊  ပလတ်စတစ်ဘူးခွံ လုပ်ငန်းများ၊ မြေပဲခွဲစက်လုပ်ငန်းများ အစရှိသည်တို့ ပါဝင်သည်။

Most Read

Most Recent