စီရော်နယ်လ်ဒို၏ နိုင်လိုစိတ်ပြင်းထန်မှုကို အသင်းဖော်သစ် ကူလူဆက်ဗ်စကီး ဖွင့်ဟ

စီရော်နယ်လ်ဒို၏ နိုင်လိုစိတ်ပြင်းထန်မှုကို အသင်းဖော်သစ် ကူလူဆက်ဗ်စကီး ဖွင့်ဟ
Photos: Getty Images
Photos: Getty Images
Published 22 September 2020

ယခုနွေရာသီမှ ဂျူဗင်တပ်စ်အသင်းသို့ ရောက်ရှိလာသည့် လူငယ်ကွင်းလယ်ကြယ်ပွင့် ကူလူဆက်ဗ်စကီးက စီရော်နယ်လ်ဒို၏နိုင်လိုစိတ်ပြင်းထန်မှုကို ထုတ်ဖော်ပြောဆိုခဲ့သည်။ 

ယင်းပွဲတွင် ကူလူဆက်ဗ်စကီးက ဂျူဗင်တပ်စ်ကစားသမားဘဝ ပြိုင်ပွဲပွဲဦးထွက်ဂိုးအဖြစ် အဖွင့်ဂိုးသွင်းယူခဲ့သော်လည်း စီရော်နယ်လ်ဒိုက သူ့အား ဂိုးထပ်မံသွင်းရန် တွန်အားပေးခဲ့သည် ဟု ပွဲအပြီးတွင် ဖွင့်ချခဲ့ခြင်းဖြစ်သည်။ 

စီရော်နယ်လ်ဒိုနှင့်ပတ်သက်ပြီး ကူလူဆက်ဗ်စကီး က ''ခရစ္စတီယာနိုလား၊ သူက အံ့အားသင့် ဖွယ်ရာပါပဲ။ ကျွန်တော်က သူ့ဆီကနေသင်ယူရတာပါ။ ဒါဟာ ကံကောင်းပါတယ်။ ကျွန်တော်တို့ (၂-၀) ဂိုးနဲ့ ဦးဆောင်နေတာတောင် မှ သူက ဆက်လက်တိုက်စစ်ဆင်ကစားဖို့  တောင်းဆိုခဲ့ပါတယ်။ သူ့ရဲ့စကားလုံးတွေဟာ ဓာတ်ဆီလို အားမာန်ပါပြီး ပေါက်ကွဲလွယ်ပါတယ်။ သူနဲ့အတူကစားရတာ ကျွန်တော် ကံ ကောင်းပါတယ်။ သူ့ကို ကျွန်တော် ကူညီနိုင် မယ်လို့ မျှော်လင့်ပါတယ်'' ဟု ကူလူဆက်ဗ်စကီး ပြောကြားခဲ့သည်။ 

ဂျူဗင်တပ်စ်အသင်း သည် ပါးမားအသင်း၌ အငှားကစားနေသည့် အတ္တလန်တာအသင်းမှ ဆွီဒင်လူငယ်ကစားသမား ကူလူဆက်ဗ်စကီး (၂၀ နှစ်)ကို ပြီးခဲ့သည့်ဇန်နဝါရီကတည်းက ယူရို (၃၅) သန်းဖြင့်ခေါ်ယူကာ (၄)နှစ်ခွဲစာချုပ် ချုပ်ဆိုခဲ့ပြီး ပါးမားအသင်း ထံ ရာသီကုန်အထိဆက်အငှားချခဲ့သည်။

Most Read

Most Recent