ဗဟိုဘဏ်က ပြည်တွင်းဘဏ်များတွင် နိုင်ငံခြားသားရှယ်ယာပိုင်ဆိုင်မှုကို သတ်မှတ်ပြီးပါက ရန်ကုန်စတော့အိတ်ချိန်းစာရင်းဝင် ဘဏ်နှစ်ခုအပြင် ပြည်တွင်းဘဏ်အားလုံး၏ အစုရှယ်ယာများ အရောင်းအဝယ် သွက်လာနိုင်ဟုဆို

ဗဟိုဘဏ်က ပြည်တွင်းဘဏ်များတွင် နိုင်ငံခြားသားရှယ်ယာပိုင်ဆိုင်မှုကို သတ်မှတ်ပြီးပါက ရန်ကုန်စတော့အိတ်ချိန်းစာရင်းဝင် ဘဏ်နှစ်ခုအပြင် ပြည်တွင်းဘဏ်အားလုံး၏ အစုရှယ်ယာများ အရောင်းအဝယ် သွက်လာနိုင်ဟုဆို
“Yangon Stock Exchange ရဲ့ စျေးကွက်အခြေအနေနဲ့ ရှေ့အလားအလာ” ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲကို တွေ့ရစဉ် (ဓာတ်ပုံ-ဇေယျာငြိမ်း)
“Yangon Stock Exchange ရဲ့ စျေးကွက်အခြေအနေနဲ့ ရှေ့အလားအလာ” ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲကို တွေ့ရစဉ် (ဓာတ်ပုံ-ဇေယျာငြိမ်း)
Published 18 October 2018
 ဇေယျာငြိမ်း

ဗဟိုဘဏ်က ပြည်တွင်းဘဏ်များတွင် နိုင်ငံခြားသား ရှယ်ယာပိုင်ဆိုင်မှုကို သက်မှတ်ပြီးပါက ရန်ကုန်စတော့အိတ်ချိန်း စာရင်းဝင် ဘဏ်နှစ်ခုအပြင် ပြည်တွင်းဘဏ်အားလုံး၏ ရှယ်ယာများ အရောင်းအဝယ် သွက်လာနိုင်ကြောင်း အောက်တိုဘာ ၁၈ က USAID ရုံးခန်း၌ ပြုလုပ်သည့် “Yangon Stock Exchange ရဲ့ စျေးကွက် အခြေအနေနဲ့ ရှေ့အလားလာ” ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲတွင် ငွေကြေးသက်သေခံ လုပ်ငန်းကြီးကြပ်ရေးကော်ရှင်၏ အဖွဲ့ဝင် ဦးဌေးချွန်က ပြောကြားသည်။

“ဗဟိုဘဏ်၊ ရှေ့နေချုပ်ရုံး DICA အဲဒီတွေမှာ မှတ်ချက်တောင်းရမယ်။ ဗဟိုဘဏ်ရဲ့ အပေါ်မှာမူတည်တယ်။ ဘဏ်ဆိုတာက ငွေရေးကြေးရေးကဏ္ဍ ဗဟိုဘဏ်က သူသည်လည်းပဲ ချိန်ဆရတယ်။ ဘယ်လောက် ခွင့်ပြုမယ်ဆိုတာ ဘယ်လိုခွင့်ပြုသင့်လည်း ဘယ်တော့ ခွင့်ပြုသင့်သလဲ။ အဲတော့ ဒီနှစ် ခုတင်ကို ဘဏ်အားလုံးနဲ့ ဗဟိုဘဏ်နဲ့ သက်ဆိုင်တယ်။ ဒီ Listed ကုမ္ပဏီနှစ်ခုသည် ဘဏ်အားလုံးနဲ့ တန်းတူပဲ နိုင်ငံခြားသားက နေပြီးတော့ ဝယ်ရင် ဗဟိုဘဏ် ခွင့်ပြုချက်လိုတယ်။ ဒီကနေ အန်ကယ်တို့က Regulate လုပ်ပေးလိုက်ရုံပဲ။ အခုက လုပ်ငန်းဆောင်ရွက်နေတဲ့ အဆင့်မှာရှိတယ်။ ဗဟိုဘဏ်က ခွင့်ပြုပြီးပြီဆိုရင် ဒီနှစ်ခုအပြင် စတော့ရှယ်ယာစျေးကွက်မှာ အကုန်လုံး အရောင်းအဝယ် သွက်လာနိုင်တာပေါ့” ဟု ဦးဌေးချွန်က ပြောကြားသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေအသစ်အရ ပြည်တွင်းပြည်ပ ဖက်စပ်လုပ်ငန်းများ၌ နိုင်ငံခြားသား ရှယ်ယာပိုင်ဆိုင်မှုကို ၃၅ ရာခိုင်းနှုန်းအထိ သက်မှတ်ထားသည်။ သို့သော် ဘဏ်ပိုင်းဆိုင်ရာ လုပ်ငန်းများသည် ဗဟိုဘဏ်၏ ထိန်းကြောင်းမှုအောက်တွင် ရှိသောကြောင့် နိုင်ငံခြားသား ပိုင်ဆိုင်မှုအတွက် ဗဟိုဘဏ်၏ ခွင့်ပြုချက်လိုအပ်ပြီး နိုင်ငံခြားသားပိုင်ဆိုင်မှု ရာခိုင်နှုန်း မည်မျှထည့်ဝင်သင့်သည်ကို ဗဟိုဘဏ်မှ သတ်မှတ်ပေးရန် လိုအပ်ကြောင်း သိရသည်။

“ဥပဒေဖြစ်တဲ့အတွက် အမိန့်ကြေငြာစာ ထုတ်စရာမလိုဘူး။ ဥပဒေအတိုင်း သွားဖို့ပဲရှိတယ်။ သို့သော် ဘဏ်တွေပေါ့ ကုမ္ပဏီ ဥပဒေအရဆိုရင် ဘဏ်တွေက ၃၅ ရာခိုင်နှုန်း နိုင်ငံခြားသားတွေရဲ့ ပိုင်ဆိုင်မှုကို ထည့်လို့ရတယ်။ ဘဏ်တွေရဲ့ အခန်းကဏ္ဍသည် ဗဟိုဘဏ်ကနေ ဘဏ်တွေအားလုံးကို စိစစ်ထိန်းကြောင်းတာဖြစ်လို့ ဗဟိုဘဏ်အနေနဲ့ ဥပဒေအရ ၃၅ ရာခိုင်နှုန်းတော့ ပေးမှာပဲ။ ပေးမယ့်အပိုင်းကို ဘယ်လိုပေးမယ်ဆိုတာကို လိုအပ်သလို သူနဲ့ မြန်မာနိုင်ငံသားနဲ့ လုပ်မယ့် အခြားဘဏ်ရဲ့ အခြေအနေတွေ အနေအထားတွေ ဒါတွေကို လိုအပ်တဲ့ စစ်ဆေးမှု လုပ်ကောင်းလုပ်ပါလိမ့်မယ်။ လုပ်ပြီးမှ သူတို့ခွင့်ပြုပေးမှာ ဗဟိုဘဏ်ရဲ့ စိစစ်မှုတော့ လုပ်ရမှာပေါ့နော်” ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ပြောကြားထားသည်။

လက်ရှိတွင် ရန်ကုန်စတော့အိတ်ချိန်း၌ စာရင်းဝင် (Listed) ကုမ္ပဏီအနေဖြင့် အစုရှယ်များရောင်းချနေသည့် ဘဏ်နှစ်ခုမှာ Myanmar Citizens Bank (MCB) နှင့် Frist Private Bank Ltd (FPB) တို့ ဖြစ်သည်။

၂၀၁၈ ခုနှစ် အောက်တိုဘာ ၁၈ ရက်တွင် အဆိုပါ ဘဏ်နှစ်ခု၏ အစုရှယ်စျေးနှုန်းများမှာ Myanmar Citizens Bank (MCB) ရှယ်ယာတစ်ခုလျှင် ၇,၃၀၀ ကျပ် နှင့် Frist Private Bank Ltd (FPB) ရှယ်ယာတစ်ခုလျှင် ၂၄,၀၀၀ ကျပ်ရှိကြောင်း ရန်ကုန်စတော့အိတ်ချိန်းက ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။        

Most Read

Most Recent