သြဂုတ်လ (၅) ရက်က ယှဉ်ပြိုင်ကစားခဲ့ သော အိုက်စလန် (ဝ-၁) အင်္ဂလန် UEFA Nations League ပွဲစဉ်အပြီးတွင် အသင်း တည်းခိုရာဟိုတယ်သို့ အိုက်စလန်နိုင်ငံသူ မိန်းကလေးများကို ခေါ်ဆောင်ခဲ့သော ဖီးလ်ဖိုဒန်နှင့် မေဆန်ဂရင်းဝုဒ်တို့နှစ်ဦးမှာ နိုင်ငံ တကာပွဲ ပွဲပယ်ပြစ်ဒဏ်နှင့် ဒဏ်ကြေးငွေများ ချမှတ်ခံရဖွယ်ရှိနေကြောင်း သိရသည်။
ယင်း ကစားသမား (၂)ဦးသည် အသင်းလူစာရင်း မှ ထုတ်ပယ်ခံရကာ သြဂုတ်လ (၇) ရက် ညပိုင်း က မန်ချက်စတာမြို့သို့ ပြန်လည်ရောက်ရှိ လာပြီး အိုက်စလန်နိုင်ငံတွင်မူ COVID-19 ထိန်းချုပ်ရေးစည်းမျဉ်းများကို ချိုးဖောက်မှု ဖြင့် ပေါင်(၁,၃၀၀)စီ ပေးဆောင်ခဲ့ရသည်။
ဗြိတိန်သတင်းစာ Daily Mail က သတင်း တွင်မူ ဖိုဒန်နှင့် ဂရင်းဝုဒ်ကို အင်္ဂလန်အသင်း ၏ပွဲစဉ် (၄)ပွဲတွင် ကစားခွင့်ပိတ်ပင်ဖွယ်ရှိ သည်ဟု ရေးသားခဲ့ပြီး ဒဏ်ကြေးငွေမည်မျှ ချမှတ်သည်ကို ဖော်ပြခြင်းမရှိခဲ့ကြောင်း သိရ သည်။
အဆိုပါဖြစ်ရပ်အတွက် ဖိုဒန်နှင့်ဂရင်း ဝုဒ်တို့က တရားဝင်တောင်းပန်မှုများပြုလုပ် ထားသည်။
အိုက်စလန်သတင်းဌာနတစ်ခုဖြစ်သည့် DV ၏ဖော်ပြချက်အရ ၎င်းတို့နှစ်ဦးသည် အိုက်စလန်မိန်းကလေးများအား ၎င်းတို့၏ ဟိုတယ်ခန်းသို့ ခေါ်ဆောင်ခဲ့ကြပြီး ယင်းမိန်း ကလေးများ Snapchat တွင် တင်ထားသည့် ဗီဒီယိုဖိုင်များလည်း ထွက်ပေါ်ခဲ့သည်။ ယင်း ဗီဒီယိုဖိုင်ထဲတွင် အမျိုးသမီးငယ်တစ်ဦးက ''တင်ခွင့်ရှိ လား၊ မရှိဘူးလားဆိုတာတော့မသိ ဘူး။ ဒါပေမဲ့ သူတို့နှစ်ဦးကလည်း ငါတို့ကို ဓာတ်ပုံမရိုက်ဖို့၊ ဗီဒီယိုမရိုက်ဖို့တွေ ဘာတွေ မတားခဲ့ပါဘူး'' ဟု ဆိုခဲ့ပြီး ၎င်းကပင် ''ရက်နည်း နည်းလောက်တော့ ရည်းစားတစ်ယောက်ရ လိုက်တယ်''ဟုလည်း ဆိုထားသည်။
မန်စီးတီး ကွင်းလယ်လူ ဖိုဒန်သည် လက်ရှိအချိန်တွင် အသက် (၂)နှစ်အရွယ် က လေးငယ်တစ်ဦး၏ ဖခင်ဖြစ်ပြီး ဂရင်းဝုဒ်မှာမူ ယခုနှစ်အစော ပိုင်းက ချစ်သူနှင့် ပြတ်စဲထားသူဖြစ်သည်။















