တိုက်စစ်မှူး အောင်ကောင်းမာန် ထိုင်းလိဂ်-၂ ကလပ် လမ်ပန်အသင်းသို့ အငှားဖြင့်ပြောင်းရွှေ့

တိုက်စစ်မှူး အောင်ကောင်းမာန် ထိုင်းလိဂ်-၂ ကလပ် လမ်ပန်အသင်းသို့ အငှားဖြင့်ပြောင်းရွှေ့
Photos : Aung Kaung Mann Facebook
Photos : Aung Kaung Mann Facebook
Published 30 August 2020

အောင်ကောင်းမာန်သည် ထရတ်အသင်းအတွက် ရာသီအစလေးပွဲတွင် နှစ်ပွဲ ပွဲထွက်ခွင့်ရပြီး နှစ်ပွဲလူစားလဲကစားခွင့်ရကာ ခြေစွမ်းပြနိုင်သော်လည်း ပြိုင်ပွဲပြန်လည်မစတင်မီ ခြေစမ်းပွဲများနှင့် လေ့ကျင့်ရေးအစီ အစဉ်များတွင် ပုံမှန်ကစားနေသည့် ကွင်းလယ်တိုက်စစ်နေရာ၌ ကစားခွင့်မရတော့ဘဲ တောင်ပံနေရာတွင် ပြောင်းလဲကစားစေခြင်းကြောင့် အသင်းပြောင်းရွှေ့ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

မြန်မာ ယူ-၂၂ အသင်းတိုက်စစ်မှူး အောင်ကောင်းမာန်သည် ထိုင်းလိဂ်-၂ ကလပ် လမ်ပန်အသင်းသို့ အငှားဖြင့်ပြောင်းရွှေ့သွားပြီဖြစ်ကြောင်း သိရသည်။

အောင်ကောင်းမာန်သည် ယခုရာသီ အစတွင် ထိုင်းလိဂ်-၁ ကလပ် ထရတ်အသင်းသို့ တစ်ရာသီစာချုပ်ဖြင့် ပြောင်းရွှေ့ခဲ့သော်လည်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပြိုင်ပွဲရပ်နားထားသည့်ကာလတွင် နေရာပြောင်းလဲကစားရသဖြင့် အသင်းပြောင်းရွှေ့ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

အောင်ကောင်းမာန်သည် ထရတ်အသင်းအတွက် ရာသီအစလေးပွဲတွင် နှစ်ပွဲ ပွဲထွက်ခွင့်ရပြီး နှစ်ပွဲလူစားလဲကစားခွင့်ရကာ ခြေစွမ်းပြနိုင်သော်လည်း ပြိုင်ပွဲပြန်လည်မစတင်မီ ခြေစမ်းပွဲများနှင့် လေ့ကျင့်ရေးအစီ အစဉ်များတွင် ပုံမှန်ကစားနေသည့် ကွင်းလယ်တိုက်စစ်နေရာ၌ ကစားခွင့်မရတော့ဘဲ တောင်ပံနေရာတွင် ပြောင်းလဲကစားစေခြင်းကြောင့် အသင်းပြောင်းရွှေ့ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အောင်ကောင်းမာန်သည် သြဂုတ် ၂၉ ရက်က လမ်ပန်အသင်းနှင့် တရားဝင်စာချုပ်ချုပ်ဆိုခဲ့ပြီး စာချုပ်သက်တမ်းမှာ ရာသီကုန်အထိဖြစ်သည်။ လမ်ပန် အသင်းသည် ၎င်းအား ထရတ်အသင်း၌ရရှိ နေသည့်လစာနှင့် အခြားခံစားခွင့်အတိုင်း ပေးချေသွားမည်ဖြစ်ပြီး အပိုဆုကြေးများလည်း ပေးအပ်မည်ဖြစ်သည်။ ပွဲနိုင်ကြေး၊ ဂိုးဖန်တီးမှု တစ်ကြိမ်အတွက် ခံစားခွင့်နှင့် ၁၀ ဂိုးသွင်းလျှင် ခံစားခွင့်ပေးမည့် အပိုဆုကြေးများ ထည့်သွင်းချုပ်ဆိုထားသည်။

"ထရတ်အသင်းမှာ ရာသီအစက ပုံမှန်နီးပါး ကစားခွင့်ရခဲ့သလို ထိုက်သင့်တဲ့ခြေစွမ်းလည်း ပြသနိုင်ခဲ့ပါတယ်။ ဗိုင်းရပ်စ်ကြောင့် ရပ်နားထားတဲ့ကာလမှာလည်း ကျွန်တော် ဘယ်လောက်ကြိုးစားလဲဆိုတာ အသင်းပိုင်ရှင်အပါအဝင် အားလုံးသိပါတယ်။ ဒါပေမဲ့ ပြိုင်ပွဲပြန်စဖို့ လေ့ကျင့်တဲ့အချိန်မှာ နည်းပြက ကျွန်တော့်ကို နေရာပြောင်းပြီး ကစားစေခဲ့ပါတယ်။ တောင်ပံနေရာမှာ ကစားရတဲ့ ကျွန်တော့်အတွက် အဆင်မပြေပါဘူး။ ဒီအသင်းမှာ ဆက်ကစားရင် ပွဲထွက်ကစားခွင့် ပျောက်ဆုံးသွားနိုင်တဲ့အတွက် အသင်းပြောင်း ဖို့ ဆုံးဖြတ်ခဲ့တာပါ။ လမ်ပန်အသင်းကလည်း ကျွန်တော့်ကို အလိုရှိတဲ့အပြင် လစာနဲ့ တခြားခံစားခွင့်က ထရတ်အသင်းအတိုင်း ရရှိမှာပါ။ ပြီးတော့ အပိုဆုကြေးတွေလည်း ထပ်ပေးဖို့  သဘောတူညီမှုရထားပါတယ်" ဟု အောင်ကောင်းမာန်က Eleven Sports ၏ ဆက်သွယ်မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့သည်။

Most Read

Most Recent