ဥက္ကဋ္ဌရွေးကောက်ပွဲဝင်မည့် ဒရော့ဘာ၏ မျှော်လင့်ချက် ပျက်ပြယ်ခဲ့ရ

ဥက္ကဋ္ဌရွေးကောက်ပွဲဝင်မည့် ဒရော့ဘာ၏ မျှော်လင့်ချက် ပျက်ပြယ်ခဲ့ရ
Photo: Goal.com
Photo: Goal.com
Published 28 August 2020

ချယ်လ်ဆီးတိုက်စစ်မှူးဟောင်း ဒရော့ဘာ၏ အိုင်ဗရီကို့စ်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် မျှော်လင့်ချက်မှာ ပျက်ပြယ်ခဲ့ရကြောင်း သိရသည်။ 

ဒရော့ဘာ၏ အမည်စာရင်း တင်သွင်းမှုကို ရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ချက်များနှင့် မကိုက်ညီဟုဆိုကာ ပယ်ချခဲ့ခြင်းဖြစ်သည်။ 

ဒရော့ဘာသည် ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံရန် လုံလောက်သည့် စပွန်ဆာအထောက်အပံ့ မရရှိခဲ့သလို၊ ကလပ်အသင်းများ၏ ထောက်ခံမှုတွင်လည်း လိုအပ်ချက်ရှိခဲ့သည်ဟု သိရသည်။ 

သို့သာ် ယင်းလိုအပ်ချက်များကို အချိန်မီဖြည့်ဆည်းနိုင်ခဲ့ပါက အယူခံဝင်ခွင့်ရှိမည်ဟု သိရသည်။

ဒရော့ဘာသည် အိုင်ဗရီကို့စ်လက်ရွေးစင်အသင်းအတွက် (၁၀၅)ပွဲကစားခဲ့ပြီး (၆၅)ဂိုးသွင်းယူခဲ့ကာ အသင်းသမိုင်းတွင် ဂိုးသွင်းအများဆုံးအဖြစ် ရပ်တည်နေသူဖြစ်သည်။ 

Most Read

Most Recent