လက်ရှိတွင် ဂျူဗင်တပ်စ်အသင်းသည် ရမ်ဆေးအား ခေါ်ယူမည့် အသင်းများအား ရှာဖွေလျက်ရှိနေပြီး ဝုလ်ဗ် အသင်းထံသို့ ဆက်သွယ်ကမ်းလှမ်းခဲ့ကြောင်းလည်း သိရှိရသည်။
စီးရီးအေကလပ် ဂျူဗင်တပ်စ်အသင်း ရောင်းချရန်ဆန္ဒရှိနေသည့် ဝေးလ်စ်ကွင်းလယ်လူ ရမ်ဆေးအားခေါ်ယူရန် ပရီးမီးယားလိဂ်ကလပ် နယူးကာဆယ်အသင်းက ပစ်မှတ်ထားနေကြောင်း သိရှိရသည်။

လက်ရှိတွင် ဂျူဗင်တပ်စ်အသင်းသည် ရမ်ဆေးအား ခေါ်ယူမည့် အသင်းများအား ရှာဖွေလျက်ရှိနေပြီး ဝုလ်ဗ် အသင်းထံသို့ ဆက်သွယ်ကမ်းလှမ်းခဲ့ကြောင်းလည်း သိရှိရသည်။ ရမ်ဆေးသည် ပြီးခဲ့သည့် ရာသီက ဂျူဗင်တပ်စ်အသင်းတွင် ပြိုင်ပွဲစုံ (၃၅)ပွဲကစားခဲ့ပြီး (၄)ဂိုး သွင်းယူပေးခဲ့သည်။

နယူးကာဆယ်အသင်းသည် အသင်းကြီးများ၏ ပစ်မှတ်ကစားသမားဖြစ်သော ကွင်းလယ်လူ မတ်လောင်းစတပ်ဖ်ကိုလည်း (၂)နှစ်သက် တမ်းတိုးစာချုပ် ချုပ်ဆိုခဲ့ကြောင်း သိရသည်။















