ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ဘိုင်ယန်မြူးနစ်အသင်း ဗိုလ်စွဲပါက ဆုကြေးစုစုပေါင်း ယူရိုသန်း (၁၃၀) အထိ ရရှိနိုင်ပြီး သမိုင်းတစ်လျှောက် ဆုကြေးအများဆုံးအသင်းအဖြစ် စံချိန်တင်မည်

ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ဘိုင်ယန်မြူးနစ်အသင်း ဗိုလ်စွဲပါက ဆုကြေးစုစုပေါင်း ယူရိုသန်း (၁၃၀) အထိ ရရှိနိုင်ပြီး သမိုင်းတစ်လျှောက် ဆုကြေးအများဆုံးအသင်းအဖြစ် စံချိန်တင်မည်
Photo: AFP
Photo: AFP
Published 22 August 2020

ဘိုင်ယန်မြူးနစ်အသင်းအနေဖြင့် ယခု နှစ် ချန်ပီယံလိဂ်ပြိုင်ပွဲတွင် အနိုင်ရဗိုလ်စွဲပါက ဆုကြေးစုစုပေါင်း ယူရိုသန်း (၁၃၀) အထိရရှိ မည်ဖြစ်ပြီး သမိုင်းတစ်လျှောက် ဆုကြေး အများဆုံးအသင်းအဖြစ် စံချိန်တင်မည်ဖြစ် ကြောင်း သိရသည်။

ဘိုင်ယန်မြူးနစ်အသင်းသည် ယခုရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲတွင် (၁၀) ပွဲကစား ရာနှုန်း ပြည့်အနိုင်ရကာ ဗိုလ်လုပွဲတက်ရောက်ထား သောကြောင့် ဆုကြေးသီးသန့် ယူရို (၇၈.၄၅) သန်း ရရှိထားပြီးဖြစ်သည်။ ဥရောပ ဘောလုံးအဖွဲ့ချုပ် (UEFA) ၏ ချန်ပီယံလိဂ် ပြိုင်ပွဲ ဆုကြေးခွဲဝေပေးအပ်မှုအရ အုပ်စု အဆင့်၌ ပါဝင်ယှဉ်ပြိုင်ခွင့်ရလျှင် ယူရို (၁၅.၂၅) သန်း၊ အုပ်စုတွင်း၌ တစ်ပွဲအနိုင်ရ လျှင် ယူရို (၂.၇) သန်း၊ အုပ်စုတွင်း၌ တစ်ပွဲသရေကျလျှင် ယူရို (၉)သိန်း၊ (၁၆) သင်း အဆင့် တက်ရောက်လျှင် ယူရို (၉.၅) သန်း၊ ကွာတားဖိုင်နယ်တက်ရောက်လျှင် ယူရို (၁၀.၅) သန်း၊ ဆီမီးဖိုင်နယ်တက် ရောက်လျှင် ယူရို (၁၂) သန်း၊ ဗိုလ်လုပွဲသို့တက် ရောက်ပြီး ရှုံးနိမ့်လျှင် ယူရို (၁၅) သန်း၊ ချန်ပီယံ ဆု ဆွတ်ခူးနိုင်လျှင် ယူရို (၁၉) သန်းရရှိမည် ဖြစ်ပြီး ဥရောပစူပါဖလားပြိုင်ပွဲ ယှဉ်ပြိုင်ခွင့် ရပါက ယူရို (၃.၅) သန်း ထပ်မံရရှိမည် ဖြစ်သည်။ 

သို့ဖြစ်ရာ ဘိုင်ယန်မြူးနစ်အသင်း သည် အုပ်စုအဆင့်၌ ယှဉ်ပြိုင်ခွင့်ရသဖြင့် ယူရို (၁၅.၂၅) သန်း၊ အုပ်စုတွင်း၌ ပွဲ အားလုံး (၆ ပွဲ) အနိုင်ရသဖြင့် ယူရို (၁၆.၂) သန်း၊ (၁၆) သင်းအဆင့် တက်ရောက် သဖြင့် ယူရို (၉.၅) သန်း၊ ကွာတားဖိုင်နယ် တက်ရောက်သဖြင့် ယူရို (၁၀.၅) သန်း၊ ဆီမီးဖိုင်နယ်တက်ရောက်သဖြင့် ယူရို (၁၂) သန်း၊ ဗိုလ်လုပွဲတက်ရောက်သဖြင့် ယူရို (၁၅) သန်း၊ စုစုပေါင်း ယူရို (၇၈.၄၅) သန်းရရှိ ထားခြင်းဖြစ်သည်။

ဘိုင်ယန်မြူးနစ်အသင်းအနေဖြင့် တနင်္ဂနွေနေ့ကစားမည့် ဗိုလ်လုပွဲတွင် အနိုင်ရဗိုလ်စွဲ ပါက ယူရို (၄)သန်း ထပ်မံရရှိမည်ဖြစ်သလို ဥရောပစူပါဖလားပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်ရသော ကြောင့် ယူရို (၃.၅) သန်း ရရှိမည်ဖြစ် သည်။ ထို့ပြင် UEFA ၏ ကလပ်အသင်း အဆင့်သတ်မှတ်ချက်တွင် တတိယရရှိသဖြင့် ယူရို (၃၃.၂၄) သန်းနှင့် ရုပ်သံဝင်ငွေခွဲတမ်း ယူရို (၁၁.၅) သန်း ထပ်မံရရှိမည်ဖြစ်ရာ စုစုပေါင်း ယူရို (၁၃၀.၆၉) သန်းအထိ ရရှိနိုင်ကြောင်း သိရသည်။ PSG အသင်းမှာ လည်း လက်ရှိအချိန်အထိ ဆုကြေး ယူရို (၇၆.၆၅) သန်း ရရှိထားသည်။

Most Read

Most Recent