PSG အသင်းတွင် အားနည်းချက်မရှိကြောင်း ဘိုင်ယန်မြူးနစ်အသင်းကို ဘက်ကင်ဘောင်ဝါ သတိပေး

PSG အသင်းတွင် အားနည်းချက်မရှိကြောင်း ဘိုင်ယန်မြူးနစ်အသင်းကို ဘက်ကင်ဘောင်ဝါ သတိပေး
Photos: Getty Images
Photos: Getty Images
Published 22 August 2020

ဘိုင်ယန်မြူးနစ်နှင့် ဂျာမနီဂန္ထဝင် ဘင်ကင်ဘောင်ဝါက PSG အသင်းတွင် အားနည်းချက်မရှိကြောင်း ဘိုင်ယန်မြူးနစ်အသင်းကို သတိပေးပြောကြားခဲ့သည်။ 

ဘိုင်ယန်မြူးနစ်အသင်းသည် ချန်ပီယံလိဂ်ဗိုလ်လုပွဲအဖြစ် သြဂုတ်လ (၂၃)ရက်တွင် PSG အသင်းနှင့် ကစားရမည်ဖြစ်ပြီး ဗိုလ်စွဲရန် ရေပန်းနေသည်။ 

သို့သော် ဘက်ကင်ဘောင်ဝါက PSG အသင်းမှာ ဘိုင်ယန်မြူးနစ်အသင်း ဂိုးပြတ်အနိုင်ရခဲ့သည့် ဘာစီလိုနာ၊ လိုင်ယွန်အသင်းတို့ထက် များစွာပိုကောင်းကြောင်း ပြောကြားခဲ့သည်။ 

"PSG အသင်းရဲ့ ပွဲစဉ်တွေကို ကျွန်တော် ကြည့်ပါတယ်။ သူတို့ရဲ့ ကစားပုံက ခန့်မှန်းရခက်ပါတယ်။ သူတို့ရဲ့ အားနည်းချက်ကို ကျွန်တော် ရှာမတွေ့ပါဘူး။ PSG အသင်းရဲ့ ကစားပုံက တခြားအသင်းတွေနဲ့ ကွဲပြားခြားနားပြီး ဒီရာသီ ချန်ပီယံလိဂ်မှာ ဘိုင်ယန်မြူးနစ်အသင်း ရင်ဆိုင်ရမယ့် အခက်ခဲဆုံးပြိုင်ဘက် ဖြစ်လာပါလိမ့်မယ်။ ကျွန်တော်ကတော့ ဗိုလ်လုပွဲကောင်းတစ်ပွဲဖြစ်ဖို့ မျှော်လင့်ပါတယ်။ နှစ်သင်းစလုံး တစ်သင်းကိုတစ်သင်း ရှိန်ပြီး ကစားနေတာမျိုး မဖြစ်စေပါဘူး"ဟု ဘက်ကင်ဘောင်ဝါက ပြောကြားခဲ့သည်။ 

ထို့ပြင် ဘက်ကင်ဘောင်ဝါက ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် ဗိုလ်စွဲရန် ရေပန်းပိုစားသည့်အသင်းမရှိကြောင်းနှင့် ကံကောင်းသည့်အသင်းက အနိုင်ရမည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။ 

ဘက်ကင်ဘောင်ဝါက "ဒီပွဲက မျှတတဲ့ ပွဲတစ်ပွဲပါ။ ဗိုလ်စွဲဖို့အခွင့်အရေးက ၅၀-၅၀ ပါပဲ။ တစ်ခါတလေမှာ ကံကောင်းဖို့ လိုပါတယ်။ ဘိုင်ယန်မြူးနစ်အသင်း ကံကောင်းခဲ့မယ်ဆိုရင် ဒီပွဲမှာ အနိုင်ရပါလိမ့်မယ်"ဟု ပြောကြားခဲ့သည်။ 

Most Read

Most Recent