Ballon d'Or  ဆုမှာ ကာဗာဟယ်လ်နှင့် ထိုက်တန်ဟု ဟိုဆေးလူဆို

Ballon d'Or  ဆုမှာ ကာဗာဟယ်လ်နှင့် ထိုက်တန်ဟု ဟိုဆေးလူဆို
Photo: X
Photo: X
Published 10 October 2024

ရီးယဲလ်မက်ဒရစ်အသင်း၏ ကစားသမားဟောင်းဖြစ်သူ စပိန်လက်ရွေးစင်တိုက်စစ်မှူး ဟိုဆေးလူက ၂၀၂၄ Ballon d'Or ဆုမှာ ဗင်နီစီယပ်စ်ထက် ကာဗာဟယ်လ်နှင့် ပိုမိုထိုက်တန်သည်ဟု ပြောကြားခဲ့သည်။

ရီးယဲလ်မက်ဒရစ်ကစားသမားများဖြစ်သည့် ဗင်နီစီယပ်စ်၊ ဘယ်လင်ဂမ်မ်နှင့် ကာဗာဟယ်လ်တို့သည် Ballon d'Or ဆုအတွက် အပြိုင်ရေပန်းစားနေသူများဖြစ်ပြီး ဟိုဆေးလူက ကာဗာဟယ်လ်မှာ ပိုမိုသာလွန်သည့်စွမ်းဆောင်ရည်ကိုပြသနိုင်ခဲ့သူ ဖြစ်ကြောင်းပြောကြားခဲ့သည်။

ဟိုဆေးလူက ''ကျွန်တော်ကတော့ ဒီဆုကို ကာဗာဟယ်လ်ကိုပေးချင်ပါတယ်။ အချက်အလက်တွေအရ ဗင်နီစီယပ်စ်ဟာလည်း Ballon d'Or နဲ့ ထိုက်တန်သူပါ။ ဒါပေမဲ့ ကာဗာဟယ်လ်ဟာ ချန်ပီယံလိဂ်အပြင် ယူရိုချန်ပီယံဆုကိုပါ ရယူနိုင်ခဲ့သူပါ။ ကျွန်တော့်အနေနဲ့ အသင်းဖော်ဟောင်း အားလုံးကို လေးစားမှုရှိပေမဲ့ ကာဗာဟယ်လ်ဟာ အားလုံးထက်ပိုမို သာလွန်အောင်စွမ်းဆောင်နိုင်ခဲ့ပါတယ်''ဟု ပြောကြားခဲ့သည်။

ကာဗာဟယ်လ်သည် ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ACL ဒဏ်ရာရရှိခဲ့သည့်အတွက် ရာသီကုန်အထိ အနားယူရမည့်သူဖြစ်သည်။

Most Read

Most Recent