ကလပ်အသင်း ၁၀ သင်း၏ အုပ်ချုပ်/နည်းပြနှင့် ကစားသမားအားလုံး ရောဂါပိုးမရှိမှ MNL ပြိုင်ပွဲ ကျင်းပခွင့်ရမည်

ကလပ်အသင်း ၁၀ သင်း၏ အုပ်ချုပ်/နည်းပြနှင့် ကစားသမားအားလုံး ရောဂါပိုးမရှိမှ MNL ပြိုင်ပွဲ ကျင်းပခွင့်ရမည်
Photo: MNL
Photo: MNL
Published 9 August 2020

ဝန်ကြီးဌာန၏ လမ်းညွှန်ချက်အတိုင်း ရောဂါပိုးစစ်ဆေးပြီးသည့် ရန်ကုန်အသင်းမှလွဲ၍ ကျန်ကိုးသင်း၏အုပ်ချုပ်မှုအဖွဲ့၊ နည်းပြအဖွဲ့နှင့် ကစားသမား များကို စစ်ဆေးမှုပြုလုပ်မည်ဖြစ်ပြီး ဘောလုံး ပွဲများတွင် တာဝန်ယူကိုင်တွယ်မည့် ဒိုင်လူကြီး များကိုလည်း ရောဂါပိုးရှိမရှိ စစ်ဆေးမည်ဖြစ်သည်။

မြန်မာနေရှင်နယ်လိဂ်သည် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရပ်နားထားရသည့် ၂၀၂၀ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပြန်လည်ကျင်းပနိုင်ရန် ကလပ်အသင်း ၁၀ သင်းမှ အုပ်ချုပ်/နည်းပြနှင့် ကစားသမားများအား COVID-19 ရောဂါပိုး စစ်ဆေးမည်ဖြစ်ပြီး အသင်းသားအားလုံး ရောဂါပိုးကင်းစင်မှသာ ပြိုင်ပွဲ ကျင်းပခွင့်ရမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနေရှင်နယ်လိဂ်နှင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်သည် MNL ပြိုင်ပွဲအပါ အဝင် ပြည်တွင်းဘောလုံးပြိုင်ပွဲများ ပြန်လည်ကျင်းပနိုင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ တာဝန်ရှိသူများနှင့် သွားရောက်တွေ့ဆုံခဲ့ပြီး ပြိုင်ပွဲ ကျင်းပခွင့်ရရန် လမ်းညွှန်ထားသည့် ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်များကို ဖြည့်ဆည်း ဆောင်ရွက်လျက်ရှိသည်။ 

ဝန်ကြီးဌာန၏ လမ်းညွှန်ချက်အတိုင်း ရောဂါပိုးစစ်ဆေးပြီးသည့် ရန်ကုန်အသင်းမှလွဲ၍ ကျန်ကိုးသင်း၏အုပ်ချုပ်မှုအဖွဲ့၊ နည်းပြအဖွဲ့နှင့် ကစားသမား များကို စစ်ဆေးမှုပြုလုပ်မည်ဖြစ်ပြီး ဘောလုံး ပွဲများတွင် တာဝန်ယူကိုင်တွယ်မည့် ဒိုင်လူကြီး များကိုလည်း ရောဂါပိုးရှိမရှိ စစ်ဆေးမည်ဖြစ်သည်။ ယင်းကဲ့သို့စစ်ဆေးရာတွင် အားလုံး ရောဂါပိုးကင်းစင်မှသာ ပြိုင်ပွဲကျင်းပခွင့်ရမည်ဖြစ်ကြောင်း မြန်မာနေရှင်နယ်လိဂ်က သတင်းထုတ်ပြန်ခဲ့သည်။

" COVID-19 ရောဂါပိုး စစ်ဆေးပြီးတဲ့ ရန်ကုန်အသင်းကလွဲရင် ကျန်ကိုးသင်းစလုံး စစ်ဆေးမှာဖြစ်ပြီး ဒီရက်ပိုင်းထဲ လုပ်ဆောင်သွားမှာပါ။ လူဦးရေ ၂၀၀ ကျော်ကို စစ်ဆေးရမှာဖြစ်တာကြောင့် တစ်ရက်တည်းတော့ မပြီးနိုင်ပါဘူး။ နှစ်ရက်ကနေ သုံးရက်အထိ အချိန်ယူရနိုင်ပါတယ်။ ရောဂါပိုးစစ်ဆေးရာမှာ အားလုံးရောဂါပိုးကင်းစင်မှ MNL ပြိုင်ပွဲကို ဦးစားပေးကျင်းပခွင့်ရမှာပါ" ဟု MNL CEO ဦးစိုးမိုးကျော်က ပြောကြားခဲ့သည်။

Most Read

Most Recent