ပရီးမီးယားလိဂ်သို့ပြောင်းရွှေ့ကစားရန် သီယာဂို ဆန္ဒရှိနေကြောင်း ဖလစ်ခ် ပြောကြား

ပရီးမီးယားလိဂ်သို့ပြောင်းရွှေ့ကစားရန် သီယာဂို ဆန္ဒရှိနေကြောင်း ဖလစ်ခ် ပြောကြား
Photos: Getty Images
Photos: Getty Images
Published 8 August 2020

ဘိုင်ယန်မြူးနစ်အသင်းနည်းပြ ဖလစ်ခ်က အသင်းကွင်းလယ်ကစားသမား သီယာဂိုသည် ပရီးမီးယားလိဂ်သို့ ပြောင်းရွှေ့ကစားရန် ဆန္ဒရှိနေကြောင်း ပြောကြားခဲ့သည်။

ဘိုင်ယန်မြူးနစ်အသင်းနည်းပြ ဖလစ်ခ်က အသင်းကွင်းလယ်ကစားသမား သီယာဂိုသည် ပရီးမီးယားလိဂ်သို့ ပြောင်းရွှေ့ကစားရန် ဆန္ဒရှိနေကြောင်း ပြောကြားခဲ့သည်။

အသက် (၂၉)နှစ်အရွယ်ရှိ စပိန်ကွင်းလယ်လူ သီယာဂိုသည် ဘိုင်ယန်မြူးနစ်အသင်းနှင့် ၂၀၂၁ ခုနှစ်၊ ဇွန်လ (၃၀)ရက်တွင် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်သည်။

သီယာဂိုအား ခေါ်ယူရန် ပရီးမီးယားလိဂ်ချန်ပီယံ လီဗာပူးလ်အသင်းက စိတ်ဝင်စားနေပြီး ပေါင် (၂၇)သန်း ရရှိပါက အသင်းမှထွက်ခွာပေးသွားမည်ဖြစ်ကြောင်း ဖလစ်ခ်က ပြောကြားခဲ့ခြင်းဖြစ်သည်။

ဖလစ်ခ်က "သီယာဂိုဟာ စပိန်မှာ ဘာစီလိုနာအတွက် ကစားခဲ့ပြီး ဂျာမနီမှာ ဘိုင်ယန်မြူးနစ်အတွက် ကစားနေပါတယ်။ သူ့အနေနဲ့ အခုအချိန်မှာ အင်္ဂလန် ပရီးမီးယားလိဂ်သို့ ပြောင်းရွှေ့ကစားချင်နေပါတယ်။ ဒါကို ကျွန်တော် ကောင်းကောင်းနားလည်ပါတယ်။ ကျွန်တော့်အနေနဲ့ သီယာဂိုကို အသင်းမှာ ဆက်ရှိစေချင်တာပါ။ ဒါပေမဲ့ ဘဝဆိုတာ ဒီလိုပါပဲ။ ကိုယ်ဖြစ်ချင်တာတွေချည်း ဖြစ်တာ မဟုတ်ပါဘူး။ ဒါကို ကျွန်တော်တို့ လက်ခံရမှာပါ"ဟု ပြောကြားခဲ့သည်။

သီယာဂိုသည် ၂၀၁၃ ခုနှစ်တွင် ဘာစီလိုနာအသင်းမှ ဘိုင်ယန်မြူးနစ်အသင်းထံသို့ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး အသင်းအတွက် (၇)ရာသီအတွင်း ပြိုင်ပွဲစုံ (၂၃၁)ပွဲတွင် (၃၁)ဂိုး သွင်းယူပေးခဲ့ကာ ဆုဖလား (၁၅)လုံးအထိ ရယူနိုင်ခဲ့သည်။

သီယာဂိုသည် ပရီးမီးယားလိဂ်သို့ ပြောင်းရွှေ့ကစားရန်အတွက် ဘိုင်ယန်မြူးနစ်အသင်း၏ စာချုပ်သစ် ချုပ်ဆိုရန် ကမ်းလှမ်းမှုကို ငြင်းပယ်ထားကြောင်း သိရသည်။

ပရီးမီးယားလိဂ်ချန်ပီယံ လီဗာပူးလ်အသင်းသည် သီယာဂိုအား ခေါ်ယူလိုနေသော်လည်း ဘိုင်ယန်မြူးနစ်အသင်း တောင်းဆိုသည့်စျေးကို ပေးချေရန် လက်တွန့်နေကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြနေကြသည်။

Most Read

Most Recent