အာဆင်နယ်အသင်းတွင် ဆက်ကစားမည်ဟု စပိန်ကွင်းလယ်လူ စီဘယ်ယော့စ် အာမခံချက်မပေး

အာဆင်နယ်အသင်းတွင် ဆက်ကစားမည်ဟု စပိန်ကွင်းလယ်လူ စီဘယ်ယော့စ် အာမခံချက်မပေး
Photos : Getty Images
Photos : Getty Images
Published 5 August 2020

အာဆင်နယ်အသင်းတွင် အငှားဖြင့်လာရောက်ကစားပြီး ခြေစွမ်းပြနိုင်ခဲ့သည့် စပိန်ကွင်းလယ်လူ စီဘယ်ယော့စ် က လာမည့်ရာသီ၌ အာဆင်နယ်တွင် ဆက်ကစားမည်ဟု အာမခံချက်မပေးခဲ့ကြောင်း သိရှိရသည်။

အာဆင်နယ်အသင်းတွင် အငှားဖြင့်လာရောက်ကစားပြီး ခြေစွမ်းပြနိုင်ခဲ့သည့် စပိန်ကွင်းလယ်လူ စီဘယ်ယော့စ် က လာမည့်ရာသီ၌ အာဆင်နယ်တွင် ဆက်ကစားမည်ဟု အာမခံချက်မပေးခဲ့ကြောင်း သိရှိရသည်။

စီဘယ်ယော့စ်က "ကျွန်တော် အခုအချိန်အထိ ရီးယဲလ်မက်ဒရစ်နဲ့ စကားမပြောရသေးပါဘူး။ မက်ဒရစ်က ကမ္ဘာပေါ်မှာရှိတဲ့ ဘယ်အသင်း ထက်မဆို ပိုကောင်းတဲ့အသင်းဖြစ်ပြီး ကျွန်တော့်အနာဂတ်က စောင့်ကြည့်ရဦးမှာပါ။ အခုအချိန်မှာတော့ ရီးယဲလ်ကို ပြန် မလား၊ အာဆင်နယ်မှာ ဆက်နေမလား၊ တခြားအသင်းကိုပြောင်းမလားဆိုတာ မပြောနိုင်သေးပါဘူး"ဟု ဆိုခဲ့သည်။

စီဘယ်ယော့စ်သည် အာဆင်နယ်အသင်းတွင် ခြေစွမ်းပြကစားနိုင်ခဲ့ပြီး အာဆင်နယ်ပရိသတ်များ ကြိုက်နှစ်သက်သည့် ကစားသမားတစ်ဦးလည်းဖြစ်သည်။

Most Read

Most Recent