စာချုပ်ကိစ္စအတွက် ယခုလကုန်ပိုင်းတွင် ထိုင်းကလပ် ဆူခိုထိုင်းအသင်း တာဝန်ရှိသူများနှင့်တွေ့ဆုံဆွေးနွေးသွားမည်ဟု နောက်ခံလူ ဇော်မင်းထွန်း ပြောကြား

စာချုပ်ကိစ္စအတွက် ယခုလကုန်ပိုင်းတွင် ထိုင်းကလပ် ဆူခိုထိုင်းအသင်း တာဝန်ရှိသူများနှင့်တွေ့ဆုံဆွေးနွေးသွားမည်ဟု နောက်ခံလူ ဇော်မင်းထွန်း ပြောကြား
Photo: Sukhothai fc facebook
Photo: Sukhothai fc facebook
Published 5 August 2020

ဇော်မင်းထွန်းသည် ၂၀၁၉ ရာသီတွင် ထိုင်းလိဂ်သို့ စတင်ပြောင်းရွှေ့ကစားခဲ့ပြီး ပြီးခဲ့သည့်ရာသီက ချောင်ဘူရီအသင်းတွင် ကစားခဲ့ကာ ယခုရာသီတွင် ဆူခိုထိုင်းအသင်း သို့ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။ ဇော်မင်းထွန်း သည် ရာသီအစလေးပွဲတွင် နှစ်ပွဲ ပွဲထွက် ကစားခွင့်ရထားပြီး ကိုရိုနာဗိုင်းရပ်စ်အခြေ အနေကြောင့် ပွဲစဉ် (၄) အပြီးတွင် ရပ်နားထားခြင်းဖြစ်သည်။ 

 

ထိုင်းလိဂ်-၁ ကလပ် ဆူခိုထိုင်းအသင်း တွင် သွားရောက်ကစားနေသည့် မြန်မာ့လက် ရွေးစင်နောက်ခံလူ ဇော်မင်းထွန်းက စာချုပ်ကိစ္စအတွက် ယခုလကုန်ပိုင်းတွင် အသင်းတာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဆူခိုထိုင်းအသင်းသည် ဇော်မင်းထွန်းကို တစ်ရာသီသာ စာချုပ်ချုပ်ဆိုထားခြင်း ဖြစ်ပြီး အောက်တိုဘာတွင် စာချုပ်ကုန်ဆုံးမည်ဖြစ်၍ စာချုပ်သစ်ကိစ္စအတွက် ဆွေးနွေးရန် စီစဉ်နေခြင်းဖြစ်သည်။ "အသင်းဘက်က တော့ စာချုပ်သစ်ကိစ္စအတွက် ဆွေးနွေးတာ မျိုး၊ ကမ်းလှမ်းတာမျိုး မရှိသေးပါဘူး။ အသင်း ဘက်ကတော့ လက်ရှိလူစာရင်းအတိုင်း ယှဉ်ပြိုင်မယ်၊ လူသစ်မခေါ်ဘူးလို့ ပြောထားတာကြောင့် စာချုပ်သစ်ကိစ္စအတွက် ဆွေးနွေးမယ်လို့ ထင်ပါတယ်။ အောက်တိုဘာကုန်မှ စာချုပ်ကုန်ဆုံးမှာဖြစ်လို့ ဒီလကုန်လောက်ဆိုရင် ဆွေးနွေးနိုင်ပါတယ်။ ကျွန်တော့်ဘက်ကလည်း ဒီလကုန်လောက်ဆိုရင် စာချုပ်ကိစ္စအတွက် အသင်းတာဝန်ရှိသူတွေနဲ့ ဆွေးနွေး သွားဖို့ ရှိပါတယ်။ ထိုင်းလိဂ်ပြိုင်ပွဲက စက်တင်ဘာမှာ စတင်ဖို့ရှိတာကြောင့် ဒီလကုန်မှာ ဆွေးနွေးဖို့ စီစဉ်ထားပါတယ်" ဟု ဇော်မင်းထွန်းက Eleven Sports ၏ ဆက်သွယ်မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့သည်။ 

ဇော်မင်းထွန်းသည် ၂၀၁၉ ရာသီတွင် ထိုင်းလိဂ်သို့ စတင်ပြောင်းရွှေ့ကစားခဲ့ပြီး ပြီးခဲ့သည့်ရာသီက ချောင်ဘူရီအသင်းတွင် ကစားခဲ့ကာ ယခုရာသီတွင် ဆူခိုထိုင်းအသင်း သို့ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။ ဇော်မင်းထွန်း သည် ရာသီအစလေးပွဲတွင် နှစ်ပွဲ ပွဲထွက် ကစားခွင့်ရထားပြီး ကိုရိုနာဗိုင်းရပ်စ်အခြေ အနေကြောင့် ပွဲစဉ် (၄) အပြီးတွင် ရပ်နားထားခြင်းဖြစ်သည်။ 

ထိုင်းလိဂ်ပြိုင်ပွဲကို စက်တင် ဘာတွင် ပြန်လည်ကျင်းပရန် စီစဉ်ထားပြီး ၂၀၂၁ ခုနှစ် မေလမှသာ ပြီးဆုံးမည်ဖြစ်ကြောင်း သိရသည်။ ရာသီအစတွင် ဆူခိုထိုင်း အသင်း၌ ဇော်မင်းထွန်းနှင့်အတူ မြန်မာ့လက်ရွေးစင်တိုက်စစ်မှူး ကျော်ကိုကိုလည်း ပါဝင်ကစားခဲ့ပြီး ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားနေသည့် ကာလတွင် အသင်းနှင့် နှစ်ဦးသဘောတူလမ်း ခွဲကာ ထိုင်းလိဂ်-၂ ကလပ် ချင်းမိုင်ယူနိုက်တက်အသင်းသို့ ပြောင်းရွှေ့ခဲ့သည်။ ဇော်မင်းထွန်းသည် ပြီးခဲ့သည့်ရာသီက ချောင်ဘူရီ အသင်းတွင် ပွဲအများစုပွဲထွက်ကစားခွင့်ရခဲ့ပြီး ရာသီကုန်ခါနီးမှသာ ပွဲထွက်ခွင့်ရရန် ရုန်းကန်ခဲ့ရခြင်းဖြစ်သည်။

Most Read

Most Recent