နယူးကာဆယ်အသင်းအားဝယ်ယူရေး လက်လျှော့ရာတွင် ပြိုင်ဘက်ကလပ်များ၏ မနာလိုသည့်အချက်ပါဝင်ကြောင်း ဗြိတိန်အမျိုးသမီးစီးပွားရေး လုပ်ငန်းရှင် အာမန်ဒါစတေဗယ်လေ တုံ့ပြန်

နယူးကာဆယ်အသင်းအားဝယ်ယူရေး လက်လျှော့ရာတွင် ပြိုင်ဘက်ကလပ်များ၏ မနာလိုသည့်အချက်ပါဝင်ကြောင်း ဗြိတိန်အမျိုးသမီးစီးပွားရေး လုပ်ငန်းရှင် အာမန်ဒါစတေဗယ်လေ တုံ့ပြန်
Photos : Getty Images
Photos : Getty Images
Published 2 August 2020

"တခြားကလပ်တွေက တော်တော်လေးဆန့်ကျင်ခဲ့ကြတယ်ဆိုတာ ကျွန်မတို့သိပါတယ်။ ဘာဖြစ် လို့လဲဆိုတော့ သူတို့က မနာလိုဖြစ်နေတာပါ။ နယူးကာဆယ်က တူးဖော်ပြီးမသုံးရသေးတဲ့ နောက်ဆုံးသော ထိပ်တန်းကလပ်ပါ။ အဲဒီ နောက်ဆုံးသော ထိပ်တန်းကလပ်က ဖွံ့ဖြိုးတိုးတက်နိုင်တဲ့ အလားအလာတွေ အများကြီးပိုင်ဆိုင်ထားတာပါ။ ခိုင်မာတဲ့ ပရိသတ်အင်အား ပိုင်ဆိုင်ထားပြီး သူတို့တွေကလည်း အောင်မြင်မှုကို အရမ်းလိုချင်နေကြ ပါတယ်" ဟု ၎င်းက ဆိုသည်။

နယူးကာဆယ်အသင်းအား ဝယ်ယူရေး ကြိုးပမ်းရာတွင် ပါဝင်ခဲ့သည့် ဗြိတိန်အမျိုးသမီးစီးပွားရေး လုပ်ငန်းရှင် အာမန်ဒါစတေဗယ်လေက မိမိတို့လက်လျှော့ခဲ့ရသည့်အချက်များတွင် ပြိုင်ဘက်ကလပ်များ၏ မနာလိုမှုလည်းပါဝင်ကြောင်း တုံ့ပြန် ပြောကြားခဲ့သည်။

ဆော်ဒီအစိုးရ ကျောထောက်နောက်ခံပြုထားသည့် ဆော်ဒီပြည်သူ့ ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့ (PIF)၊ ဗြိတိန်၏ ဒုတိယအချမ်းသာဆုံး မိသားစုစာရင်းဝင် ဘီလျံနာဒေးဗစ် နှင့် ဆိုင်မွန်ရူဘန်စ်ညီအစ်ကို၊ အမျိုး သမီးစီးပွားရေးလုပ်ငန်းရှင် အာမန် ဒါစတေဗယ်လေ၏ PCP Capital Partners ကုမ္ပဏီတို့ ပူးပေါင်းထားသည့် ရင်းနှီးမြှုပ်နှံမှုအုပ်စုက နယူးကာဆယ်အသင်းအား ပေါင်သန်း ၃၀၀ ဖြင့် ဝယ်ယူနိုင်ရန် အလွန်နီး စပ်ခဲ့သော်လည်း ကြိုးပမ်းမှုကို လက်လျှော့လိုက်ပြီဖြစ်ကြောင်း ပြီးခဲ့သည့် ကြာသပတေးနေ့တွင် အတည်ပြု ထုတ်ပြန်ခဲ့သည်။ 

၎င်းတို့အဖွဲ့သည် နယူးကာဆယ်အသင်း၏ရှယ်ယာ ရာခိုင်နှုန်း ၈၀ ကိုဝယ်ယူရန် ဧပြီကတည်းက သဘောတူညီမှုရခဲ့သော်လည်း ပရီးမီးယားလိဂ်၏ အတည်ပြု မှုရရှိရန် ကြန့်ကြာနေသဖြင့် လက်လျှော့ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ နယူးကာဆယ်အသင်း ပရိသတ်များက ဆော်ဒီကျောထောက်နောက်ခံ ပြုကုမ္ပဏီထံ ရောင်းချဖြစ်ရန် ဆန္ဒရှိသော်လည်း ပရီးမီးယားလိဂ်၏ ဆုံးဖြတ်ချက်အပေါ် အခြားပြိုင်ဘက်ကလပ်များ၏ လွှမ်းမိုးမှုမှာ အစိတ်အပိုင်းတစ်ရပ်အဖြစ်ပါဝင်ခဲ့ ကြောင်း စတေဗယ်လေက ပြောကြားခဲ့သည်။

"တခြားကလပ်တွေက တော်တော်လေးဆန့်ကျင်ခဲ့ကြတယ်ဆိုတာ ကျွန်မတို့သိပါတယ်။ ဘာဖြစ် လို့လဲဆိုတော့ သူတို့က မနာလိုဖြစ်နေတာပါ။ နယူးကာဆယ်က တူးဖော်ပြီးမသုံးရသေးတဲ့ နောက်ဆုံးသော ထိပ်တန်းကလပ်ပါ။ အဲဒီ နောက်ဆုံးသော ထိပ်တန်းကလပ်က ဖွံ့ဖြိုးတိုးတက်နိုင်တဲ့ အလားအလာတွေ အများကြီးပိုင်ဆိုင်ထားတာပါ။ ခိုင်မာတဲ့ ပရိသတ်အင်အား ပိုင်ဆိုင်ထားပြီး သူတို့တွေကလည်း အောင်မြင်မှုကို အရမ်းလိုချင်နေကြ ပါတယ်" ဟု ၎င်းက ဆိုသည်။

နယူးကာဆယ်အသင်းသည် ၁၉၅၅ ခုနှစ်နောက်ပိုင်း ပြည်တွင်း အဓိကဆုဖလား တစ်လုံးမျှရယူနိုင်ခြင်းမရှိသော်လည်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကွင်းပိတ်မကစားရခင်အချိန် အထိ စိန့်ဂျိမ်းစ်ပတ်ခ်ကွင်း၌ ပရိသတ် ၅၀၀၀၀ ခန့် ပုံမှန်ကြည့်ရှုလေ့ရှိ ကြောင်း သိရသည်။ ပရိသတ်အများစုက မန်စီးတီးအသင်းအား အဘူ ဒါဘီသူဌေးများ ဝယ်ယူပြီးနောက် နှစ်အနည်းငယ်အတွင်း ထိပ်တန်း အသင်းဖြစ်လာကာ အောင်မြင်မှုများ ရယူနိုင်ခဲ့သည့်ပုံစံမျိုးဖြစ်လာစေရန် မျှော်လင့်ထားသော်လည်း ပြိုင်ဘက်အသင်းများကမူ ယင်းကဲ့သို့ ဖြစ်လာမည်ကို မနာလိုကြောင်း စတေဗယ်လေက စွပ်စွဲပြောကြားခဲ့သည်။ ထို့ပြင် ပရီးမီးယားလိဂ်အနေ ဖြင့် ဆော်ဒီနိုင်ငံအား နယူးကာဆယ် အသင်း၏ ဒါရိုက်တာတစ်ဦးဖြစ်လာစေရန် ဆန္ဒရှိနေခြင်းမှာလည်း ရယ်စရာကောင်းကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

"ပရီးမီးယားလိဂ်က ဆော်ဒီနိုင်ငံကို ဘောလုံးအသင်းရဲ့ ဒါရိုက်တာတစ်ယောက် ဖြစ်လာစေချင်နေတယ်။ အကြောင်းကတော့ ဒါပါပဲ။ PIF က အကျိုးပြုနိုင်တဲ့ပိုင်ရှင်မဟုတ်ဘဲ အစိုးရဖြစ်မယ်လို့ ယုံကြည်နေတယ်။ ဒါကြောင့် အဲဒီနိုင်ငံကို ဒါရိုက် တာတစ်ယောက် ဖြစ်လာစေချင်တယ် လို့ သူတို့က အခိုင်အမာပြောခဲ့ကြတယ်။ ဒါမျိုးမကြုံဖူးလောက်ပါဘူး။ နိုင်ငံတစ်နိုင်ငံက ကလပ်တစ်ခုရဲ့ ဒါရိုက်တာ ဘယ်တော့မှ ဖြစ်မလာနိုင်ပါဘူး။ ဒါက ရယ်စရာပါပဲ" ဟု စတေဗယ်လေက ဆိုသည်။

Most Read

Most Recent