လက်ရွေးစင်အသင်း လေ့ကျင့်ရန် AFC Cup အုပ်စုပွဲယှဉ်ပြိုင်မည့် ကလပ်အသင်းများ၏ပြင်ဆင်မှုနှင့် ညှိနှိုင်းရဖွယ်ရှိ

လက်ရွေးစင်အသင်း လေ့ကျင့်ရန် AFC Cup အုပ်စုပွဲယှဉ်ပြိုင်မည့် ကလပ်အသင်းများ၏ပြင်ဆင်မှုနှင့် ညှိနှိုင်းရဖွယ်ရှိ
Photo: EMG
Photo: EMG
Published 2 August 2020

မြန်မာကလပ် ရန်ကုန်နှင့်  ရှမ်းယူနိုက်တက်အသင်းသည် ယခုရာသီ AFC Cup ပြိုင်ပွဲ အုပ်စုလက်ကျန်ပွဲများကို စက်တင်ဘာ ၂၃ ရက်မှ ၂၉ ရက်အထိ ယှဉ်ပြိုင်ရမည်ဖြစ်ပြီး မြန်မာ့လက်ရွေးစင်အသင်းမှာလည်း ကမ္ဘာ့ဖလားခြေစစ်ပွဲ လက်ကျန်ပွဲများ ယှဉ်ပြိုင်ရန် ယင်းကာလတွင် စခန်းဝင်လေ့ကျင့်မှုပြုလုပ်ရမည်ဖြစ်သည်။ 

 

အောက်တိုဘာတွင် ကမ္ဘာ့ဖလားခြေစစ် ပွဲများ ယှဉ်ပြိုင်ရမည့် မြန်မာ့လက်ရွေးစင် အသင်း လေ့ကျင့်ပြင်ဆင်မှုပြုလုပ်ရန် AFC Cup ပြိုင်ပွဲ အုပ်စုလက်ကျန်ပွဲယှဉ်ပြိုင်ရမည့် ကလပ်အသင်းနှစ်သင်းနှင့် ညှိနှိုင်းရဖွယ်ရှိကြောင်း သိရသည်။

မြန်မာကလပ် ရန်ကုန်နှင့်  ရှမ်းယူနိုက်တက်အသင်းသည် ယခုရာသီ AFC Cup ပြိုင်ပွဲ အုပ်စုလက်ကျန်ပွဲများကို စက်တင်ဘာ ၂၃ ရက်မှ ၂၉ ရက်အထိ ယှဉ်ပြိုင်ရမည်ဖြစ်ပြီး မြန်မာ့လက်ရွေးစင်အသင်းမှာလည်း ကမ္ဘာ့ဖလားခြေစစ်ပွဲ လက်ကျန်ပွဲများ ယှဉ်ပြိုင်ရန် ယင်းကာလတွင် စခန်းဝင်လေ့ကျင့်မှုပြုလုပ်ရမည်ဖြစ်သည်။ 

ယင်းနှစ်သင်းတွင် မြန်မာ့လက်ရွေးစင်ကစားသမားအများစု ပါဝင်နေရာ မြန်မာ့လက်ရွေးစင်အသင်းအနေဖြင့် လေ့ကျင့်ပြင်ဆင်မှုပြုလုပ်ရန် ကလပ်အသင်း နှစ်သင်းနှင့် ညှိနှိုင်းမှုပြုလုပ်ရမည်ဖြစ်သည်။ မြန်မာ့လက်ရွေးစင်အသင်းသည် ကမ္ဘာ့ဖလား ခြေစစ်ပွဲ လက်ကျန်ပွဲများအနက် အောက်တိုဘာ ၈ ရက်တွင် ဂျပန်အသင်းနှင့် အဝေးကွင်း၊ အောက်တိုဘာ ၁၃ ရက်တွင် ကာဂျစ္စတန် အသင်းနှင့် အိမ်ကွင်းကစားရမည်ဖြစ်ပြီး ယင်းနှစ်ပွဲအတွက် စက်တင်ဘာတွင် စခန်း ဝင်လေ့ကျင့်ရမည်ဖြစ်သည်။ ထို့ပြင် MNL အမှတ်ပေးပြိုင်ပွဲမှာလည်း စတင်ကျင်းပမည့် ရက် သတ်မှတ်နိုင်ခြင်း မရှိသေးသောကြောင့် မြန်မာ့လက်ရွေးစင်အသင်းအနေဖြင့် ပြည် တွင်းလိဂ်ပြိုင်ပွဲ စတင်မည့်ရက်အပေါ်မူတည် ၍ စခန်းဝင်လေ့ကျင့်ဖွယ်ရှိသည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) သည် မြန်မာ့လက်ရွေးစင် အမျိုးသားအသင်း အပါအဝင် လက်ရွေးစင်အသင်းများအားလုံး ပြန်လည်စခန်းဝင်လေ့ကျင့်ခွင့်ရရန် တင်ပြထားသော်လည်း ခွင့်ပြုချက်မရသေးသောကြောင့် လေ့ကျင့်နိုင်ခြင်းမရှိသေးကြောင်း သိရသည်။ 

Most Read

Most Recent