ဆန်ချို၏အပြောင်းအရွှေ့အတွက် ဒေါ့မွန်၏ Deadline ပေးထားမှုမှာ ၁၂ ရက်သာ ကျန်ရှိတော့ပြီး မန်ယူအသင်းမှာ ဒေါ့မွန်အသင်းတောင်းဆိုထားသည့် ပြောင်းရွှေ့ကြေးအတိုင်း ပေးချေမည်မဟုတ်

ဆန်ချို၏အပြောင်းအရွှေ့အတွက် ဒေါ့မွန်၏ Deadline ပေးထားမှုမှာ ၁၂ ရက်သာ ကျန်ရှိတော့ပြီး မန်ယူအသင်းမှာ ဒေါ့မွန်အသင်းတောင်းဆိုထားသည့် ပြောင်းရွှေ့ကြေးအတိုင်း ပေးချေမည်မဟုတ်
Photos : Getty Images
Photos : Getty Images
Published 29 July 2020

ယင်းသို့ အသင်းနှစ်သင်းအကြား ပြောင်းရွှေ့ကြေးနှင့် ပတ်သက်ပြီး လိပ်ခဲတည်းလည်းဖြစ်နေသော်လည်း ဆန်ချိုမှာ မန်ယူအသင်း၏ အပြောင်းအရွှေ့ နံပါတ်တစ်ပစ်မှတ်အဖြစ် ဆက်ရှိနေဆဲဖြစ်သည်။

အင်္ဂလန်ကြယ်ပွင့်တောင်ပံကစားသမား ဆန်ချို၏အပြောင်းအရွှေ့အ တွက် ဒေါ့မွန်အသင်းက မန်ယူအသင်းထံ Deadline ပေးထားသည့်ရက်မှာ ၁၂ ရက်သာ ကျန်ရှိတော့ကြောင်း ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့ သည်။ အပြောင်းအရွှေ့ကိစ္စများကို လာမည့် သြဂုတ်လ ၁၀ ရက်တွင် နောက်ဆုံးထားအပြီးသတ်ရန် ဒေါ့မွန်အသင်းက သတ်မှတ်ထားခြင်းဖြစ်သည်။

လာမည့်စက်တင်ဘာလလယ်တွင်စတင်မည့် ဘွန်ဒစ်လီဂါပြိုင်ပွဲအတွက် ရာသီကြိုလေ့ကျင့်ခန်းများကို လာမည့် ဇူလိုင်လ ၃၀ ရက်တွင် စတင်ပြုလုပ် မည်ဖြစ်ပြီး မန်ယူအသင်းနှင့် အပြောင်းအရွှေ့သတင်းများထွက်နေလျက်ရှိသည့် ဆန်ချိုမှာ ယင်းနေ့တွင် အသင်းနှင့်လာရောက်ပူးပေါင်းရမည်ဖြစ်သည်။  ၂၀၂၀-၂၁ ရာသီသစ်အတွက် နွေရာသီအပြောင်းအရွှေ့ကာလကို အောက်တို ဘာလ ၅ ရက်အထိ သတ်မှတ်ထားသော်လည်း ဒေါ့မွန်အသင်းက ရာသီကြိုလေ့ ကျင့်ရေးခရီးစဉ် စခန်းသွင်းလေ့ကျင့်မှုအဖြစ် ဆွစ်ဇာလန်နိုင်ငံသို့ထွက်ခွာမည့် သြဂုတ်လ ၁၀ ရက် နောက်ဆုံးထားပြီး ဆန်ချို၏အပြောင်းအရွှေ့ကို အပြီးသတ်ရန် ဆန္ဒရှိနေခြင်းဖြစ်သည်။ 

မန်ယူအသင်းသည် ဒေါ့မွန်အသင်းမှ တောင်းဆိုထားသည့် ပြောင်းရွှေ့ကြေး ပေါင် သန်း ၁၁၀ အတိုင်း ပေးချေမည် မဟုတ်ဟု Daily Mail က ဖော်ပြခဲ့သည်။ ယင်းသို့ အသင်းနှစ်သင်းအကြား ပြောင်းရွှေ့ကြေးနှင့် ပတ်သက်ပြီး လိပ်ခဲတည်းလည်းဖြစ်နေသော်လည်း ဆန်ချိုမှာ မန်ယူအသင်း၏ အပြောင်းအရွှေ့ နံပါတ်တစ်ပစ်မှတ်အဖြစ် ဆက်ရှိနေဆဲဖြစ်သည်။ ဇူလိုင်လ ၂၇ ရက်က ဂျာမနီ၌ထွက်ပေါ်ခဲ့သည့်သတင်းများတွင် မန်ယူအသင်သည် ဆန်ချိုအတွက် ပြောင်းရွှေ့ကြေး ပေါင် ၈၉ သန်းဖြင့် တရားဝင်ကမ်းလှမ်းခဲ့သော်လည်း ဒေါ့မွန်းအသင်းဘက်မှ ပယ်ချခဲ့သည်ဟု ရေးသားခဲ့ကြသည်။ သို့သော် ယင်းအသင်းများနှင့်နီးစပ်သည့် သတင်းရင်းမြစ်များကမူ မန်ယူအသင်းအနေဖြင့် အပြောင်းအရွှေ့ကိစ္စအတွက် ဒေါ့မွန်အသင်းထံ တရားဝင်ကမ်းလှမ်းမှုမရှိ သေးဟု မှတ်ချက်ပြုခဲ့ကြသည်။ 

အင်္ဂလန်လက်ရွေးစင်ကစားသမားလည်းဖြစ်သူ ဆန်ချိုသည် ၂၀၁၇ ခုနှစ် က မန်စီးတီးအသင်းမှ ဒေါ့မွန်အသင်းထံ ပြောင်းရွှေ့ကြေး ပေါင်ရှစ်သန်းဖြင့် ရောက်ရှိလာသူဖြစ်ပြီး လက်ရှိ သူ၏စာချုပ်သက်တမ်းမှာ နှစ်နှစ်ကျန်ရှိနေသေး ကြောင်း သိရသည်။ မန်ယူအသင်းသည် ချန်ပီယံလိဂ်ဝင်ခွင့် ပြန်လည်ရရှိပြီး နောက် အပြောင်းအရွှေ့တွင် ငွေကြေးပိုမိုသုံးစွဲသွားမည်ဖြစ်သော်လည်း ဆန်ချိုအတွက် မကြာသေးမီက လိုက်ပ်ဇစ်အသင်းမှ ချယ်လ်ဆီးသို့ ပြောင်းရွှေ့လာသည့် ဗာနာ၊ မန်စီးတီးအသင်းမှ ဘိုင်ယန်သို့ ပြောင်းရွှေ့ခဲ့သည့် ဆာနေးတို့၏ ပြောင်းရွှေ့ကြေးထက်နှစ်ဆရှိမည့် ငွေကြးပမာဏကို သုံးစွဲမည်မဟုတ်ကြောင်း Daily Mail ၏ သတင်းတွင် ရေးသားခဲ့သည်။ ထို့ပြင် မန်ယူနည်းပြ ဆိုးလ်ရှားသည် ခံစစ်ပိုင်းကို အားဖြည့်ရန်အတွက် နောက်ခံအတွင်းလူတစ်ဦးကို ရှာဖွေနေကြောင်းလည်း သိရသည်။ 

Most Read

Most Recent