ယခုရာသီ ပရီးမီးယားလိဂ်တွင် VAR အသုံးမပြုပါက လီဗာပူးလ်အသင်းသာ ဗိုလ်စွဲမည်ဖြစ်သော်လည်း မန်စီးတီးနှင့် ရမှတ်ကွာဟမှုပိုနည်းနိုင်သလို ဝုလ်ဗ်အသင်း အဆင့် ၃ အထိ ရပ်တည်နိုင်မည်

ယခုရာသီ ပရီးမီးယားလိဂ်တွင် VAR အသုံးမပြုပါက လီဗာပူးလ်အသင်းသာ ဗိုလ်စွဲမည်ဖြစ်သော်လည်း မန်စီးတီးနှင့် ရမှတ်ကွာဟမှုပိုနည်းနိုင်သလို ဝုလ်ဗ်အသင်း အဆင့် ၃ အထိ ရပ်တည်နိုင်မည်
Photos : Getty Images
Photos : Getty Images
Published 26 July 2020

VAR  ကြောင့် အငြင်းပွား ဖွယ် ပယ်နယ်တီဖြစ်ရပ်များကို ပယ်ဖျက်၍ မှန်ကန်စွာ ဆုံးဖြတ်လာနိုင်သော်လည်း လူကျွံ ဘောနှင့်ပတ်သက်၍ အသေးစိတ်လွန်းသည့် ဆုံးဖြတ်ချက်များ၊ အငြင်းပွားဖွယ်ဖြစ်ရပ် တချို့တွင် ဝင်ရောက်ဆုံးဖြတ်ခြင်းမပြုသည့် အခြေအနေများကြောင့် ဝေဖန်မှုများထွက် ပေါ်နေဆဲဖြစ်သည်။

ယခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် VAR  အသုံးမပြုပါက ဖြစ်နိုင်ခြေရှိသည့် အမှတ်ပေးဇယားရပ်တည်မှုကို ဗြိတိန်အခြေ စိုက် Daily Mail သတင်းဌာနက ဖော်ပြခဲ့ ပြီး လီဗာပူးလ်အသင်းသာ အနိုင်ရဗိုလ်စွဲမည် ဖြစ်သော်လည်း ဒုတိယနေရာမှ မန်စီးတီး အသင်းနှင့် ရမှတ်ကွာဟမှု ပိုမိုကျဉ်းမြောင်း သွားနိုင်ကြောင်း သိရသည်။



ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ဒိုင်များကို အကူအညီပေးနိုင်ရန်အတွက် ရုပ်သံအကူဒိုင် စနစ် (VAR) ကို ယခုရာသီမှစ၍ အသုံးပြု ခဲ့ခြင်းဖြစ်သည်။ VAR  ကြောင့် အငြင်းပွားဖွယ် ပယ်နယ်တီဖြစ်ရပ်များကို ပယ်ဖျက်၍ မှန်ကန်စွာ ဆုံးဖြတ်လာနိုင်သော်လည်း လူကျွံ ဘောနှင့်ပတ်သက်၍ အသေးစိတ်လွန်းသည့် ဆုံးဖြတ်ချက်များ၊ အငြင်းပွားဖွယ်ဖြစ်ရပ် တချို့တွင် ဝင်ရောက်ဆုံးဖြတ်ခြင်းမပြုသည့် အခြေအနေများကြောင့် ဝေဖန်မှုများထွက် ပေါ်နေဆဲဖြစ်သည်။

သို့ဖြစ်ရာ Daily Mail သတင်းဌာနက ရာသီပိတ်ပွဲမတိုင်မီ ပွဲစဉ် ၃၇ ကစားအပြီးတွင် VAR  အသုံးမပြုပါက ကလပ်အသင်းများ၏ ဖြစ်နိုင်ခြေရပ်တည်မှု ကို ဖော်ပြခဲ့ခြင်းဖြစ်သည်။ VAR  အသုံးမပြု ပါက လီဗာပူးလ်အသင်းအနေဖြင့် ချန်ပီယံ ဆု ဆွတ်ခူးရယူနိုင်မည်ဖြစ်သော်လည်း ယခု ရရှိထားသည့် ၉၆ မှတ်ထက် ငါးမှတ်လျော့ နည်း၍ ၉၁ မှတ်သာ ရရှိနိုင်ကြောင်း သိရ သည်။ မန်စီးတီးအသင်းမှာလည်း ၃၇ ပွဲအပြီး ရမှတ် ၇၈ မှတ်ထက် ခြောက်မှတ်တိုး၍ ၈၄ မှတ်ရရှိနိုင်ရာ ၎င်းင်းတို့နှစ်အသင်းအကြား ရမှတ်ကွာခြားမှုမှာ ခုနစ်မှတ်သာရှိနိုင်ကြောင်း သိရသည်။



ဝုလ်ဗ်အသင်းမှာလည်း ခုနစ်မှတ်ထပ် တိုး၍ ၆၆ မှတ်ဖြစ်လာနိုင်ပြီး ချန်ပီယံလိဂ် ဝင်ခွင့် တတိယနေရာအထိ ရပ်တည်နိုင်မည် ဖြစ်သည်။ ထို့ပြင် ချယ်လ်ဆီးအသင်းက အဆင့် ၄၊ မန်ယူအသင်းက အဆင့် ၅၊ လက် စတာအသင်းက အဆင့် ၆၊ ရှက်ဖီးယူနိုက် တက်အသင်းက အဆင့် ၇ နှင့် အာဆင်နယ် အသင်းမှာလည်း လန်ဒန်ဒါဘီပြိုင်ဘက် စပါးအသင်း၏အထက် နှစ်မှတ်အသာဖြင့် အဆင့် ၈ နေရာ ရပ်တည်နိုင်မည်ဖြစ်သည်။ ပွဲစုစုပေါင်း ၃၇၀ ကစားအပြီးတွင် VAR  ဖြင့် ကြည့်ရှုသည့်ပွဲ ၂၁၆ ပွဲအထိရှိပြီး VAR  အသုံး မပြုရသည့်ပွဲမှာ ၁၅၄ ပွဲရှိကြောင်း သိရသည်။

Most Read

Most Recent