နာပိုလီအသင်းတွင် ဆက်ရှိနေမည်ဟု ကတိမပေးနိုင်ကြောင်း မန်စီးတီးပစ်မှတ် ကူလီဘလီ ပြောကြား

နာပိုလီအသင်းတွင် ဆက်ရှိနေမည်ဟု ကတိမပေးနိုင်ကြောင်း မန်စီးတီးပစ်မှတ် ကူလီဘလီ ပြောကြား
Photos: Getty Images
Photos: Getty Images
Published 25 July 2020

မန်စီးတီးအသင်းက ခေါ်ယူရန် ပစ်မှတ်ထားခြင်းခံနေရသည့် နာပိုလီနောက်ခံလူ ကူလီဘလီက မိမိအနေဖြင့် အသင်းတွင် ဆက်ရှိနေမည်ဟု ကတိမပေးနိုင်ကြောင်း ပြောကြားခဲ့သည်။ 

မန်စီးတီးအသင်းက ခေါ်ယူရန် ပစ်မှတ်ထားခြင်းခံနေရသည့် နာပိုလီနောက်ခံလူ ကူလီဘလီက မိမိအနေဖြင့် အသင်းတွင် ဆက်ရှိနေမည်ဟု ကတိမပေးနိုင်ကြောင်း ပြောကြားခဲ့သည်။ 

အသက် (၂၉)နှစ်အရွယ်ရှိ ဆီနီဂေါနောက်ခံလူ ကူလီဘလီသည် နာပိုလီအသင်းနှင့် ၂၀၂၃ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေသူဖြစ်ပြီး ၎င်းကို ခေါ်ယူရန် ပရီးမီးယားလိဂ်ထိပ်သီးအသင်းများဖြစ်သည့် မန်စီးတီးနှင့် လီဗာပူးလ်အသင်းတို့က စိတ်ဝင်စားနေကြောင်း သိရသည်။ 

ကူလီဘလီက မိမိအနေဖြင့် နာပိုလီအသင်းတွင် ပျော်ရွှင်နေသော်လည်း ဆက်ရှိနေမည်ဟု ကတိမပေးနိုင်ကြောင်း အီတလီရေဒီယို Kiss Kiss နှင့်တွေ့ဆုံရာတွင် ပြောကြားခဲ့သည်။ 

"ကျွန်တော့်အနေနဲ့ နာပိုလီအသင်းမှာ တစ်သက်လုံး နေသွားချင်ပါတယ်။ ဒါပေမဲ့ ကျွန်တော့်အနေနဲ့ ဘာကိုမှ ကတိမပေးနိုင်ပါဘူး။ ကျွန်တော်ဟာ နာပိုလီအသင်းရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ရာသီကုန်မှာ အသင်းဒါရိုက်တာတွေနဲ့ ကျွန်တော် ဆွေးနွေးသွားမှာပါ။ အခုအချိန်မှာတော့ ကျွန်တော့်အနေနဲ့ ကွင်းအတွင်းမှာ ခြေစွမ်းပြနိုင်ဖို့ အပြည့်အဝ အာရုံစိုက်ထားပါတယ်"ဟု ကူလီဘလီက ပြောကြားခဲ့သည်။ 

မန်စီးတီးအသင်းသည် လာမည့် ၂၀၂၀-၂၁ ရာသီတွင် အသင်းခံစစ်ပိုင်းကို အားဖြည့်ရန် ပြင်ဆင်နေပြီး ကူလီဘလီမှာ ၎င်းတို့၏ နံပါတ် (၁) ပစ်မှတ်ဖြစ်ကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြနေကြသည်။ 

နာပိုလီအသင်းသည် ကူလီဘလီအား လက်လွှတ်လိုခြင်းမရှိသော်လည်း ကပ်ဘေးကြောင့် ကြုံတွေ့နေရသည့် ဘဏ္ဍာရေးအခက်အခဲကို ဖြေရှင်းရန်အတွက် ကူလီဘလီကို ရောင်းချဖွယ်ရှိနေကြောင်း သိရသည်။ 

Most Read

Most Recent