၇၃ နှစ်မြောက် အာဇာနည်နေ့တွင် တာမွေမြို့နယ် တာမွေမွတ်စလင်သချႋုင်းရှိ အာဇာနည်ခေါင်းဆောင်ကြီးများ ဖြစ်သည့် ဦးရာဇတ်နှင့် ရဲဘော်ကိုထွေးအုတ်ဂူ၌ အခမ်းအနားမပြုလုပ်ဘဲ တစ်ဦးတစ်ယောက်ချင်းဖြင့် ယနေ့ (ဇူလိုင် ၁၉ ရက်)တွင် လာရောက် ဂါရဝပြုကြကြောင်း သိရသည်။


"COVID ကြောင့် ခုလို အခမ်းအနားမပြုလုပ်ရတော့ ဝမ်းနည်းတာပေါ့။ အရင်ကဆို အယောက် တစ်ရာလောက်ဝိုင်းပြီး ဂါရဝပြုကြတာလေ" ဟု အာဇာနည်ခေါင်းဆောင်ကြီး ရဲဘော်ကိုထွေး၏ တူမဖြစ်သူ ဒေါ်မမကြီးက ပြောကြားသည်။


ယခင်နှစ်များတွင် ယင်းတာမွေမွတ်စလင်သချႋုင်းရှိ ဦးရာဇတ်နှင့် ရဲဘော်ကိုထွေး အုတ်ဂူ၌ ဂါရဝပြုခြင်း၊ စတုဒီတာကျွေးခြင်း အခမ်းအနားများ ပြုလုပ်ခဲ့သော်လည်း ယခုနှစ်တွင် COVID 19 ကြောင့် အခမ်းအနားမပြုလုပ်ဘဲ တစ်ဦးတစ်ယောက်ချင်းဖြင့် လာရောက်ဂါရဝပြုကြကြောင်း သိရသည်။















